ကိုရီးယားမှာ ကျောင်းသွားတက်ဖို့ ဘာတွေပြင်ဆင်ရမလဲ?

🇰🇷🇲🇲ကိုရီးယားမှာ ကျောင်းသွားတက်ဖို့ ဘာတွေပြင်ဆင်ရမလဲ ?
✅ ပထမဦးဆုံးအနေကတော့ Passport PV အမျိုးအစား ရှိထားရပါမယ်။
✅ ပြီးရင်တော့ ဘယ် intake ကို join ချင်လဲ ရွေးချယ်ရပါမယ်။
✅ Bank စာအုပ်သက်တမ်း အနည်းဆုံး ၆လရှိတဲ့ စာအုပ် ရှိရပါမယ်။
✅ မိမိအသက်၊ အမှတ်နဲ့ ကိုက်ညီမယ့် ကျောင်းကိုလဲ ရွေးချယ်ရပါမယ်။ major ပေါ်မူတည်ပြီးတော့လဲ ကျောင်းရဲ့ ranking ပိုင်းမှာ ကွာခြားနိုင်ပါသေးတယ်။ (ဥပမာအနေနဲ့ စီးပွားရေး major နဲ့ ပတ်သက်ပြီးတော့ ranking ကောင်းတဲ့ ကျောင်းမျိုးတွေ ရှိပါတယ်။)
**Agency အပ်ထားလိုက်ရင်လဲ agency နဲ့ ဆွေးနွေးပြီး ကျောင်းလျှောက်ရာတွင် လိုအပ်တဲ့ အိမ်ထောင်စုဇယား၊ Show Money စတာတွေအတွက် သေချာတိုင်ပင်ဆွေးနွေးပြီး visa ရဖို့အတွက် အိမ်ထောင်စုဇယားမှာ ပြင်သင့်တဲ့အချက်ရှိရင် ပြင်ရပါမယ်။
**ကိုယ်တိုင်ကျောင်းလျှောက်မယ်ဆိုရင်တော့ ပြင်ဆင်ရမှာတွေများတဲ့အတွက် အခက်အခဲတွေ အဆင်မပြေတာတွေ ကြုံတွေ့နိုင်ပါတယ်။
✅ ကျောင်းလျှောက်ရာမှာ ပြင်ဆင်ရတဲ့ စာရွက်စာတမ်းတွေမှာ မိမိနာမည်၊ အဖေနာမည်၊ မှတ်ပုံတင်၊ အောင်လက်မှတ်၊ အိမ်ထောင်စုဇယားမှ နာမည်အားလုံး အကုန်တူနေရပါမယ်။
✅ ကဲအဲ့တာဆို ကျောင်းစလျှောက်တော့မယ်ဆိုရင်တော့
သံရုံးတုံး (seal) ထုဖို့ online booking ပထမဦးဆုံး ယူရပါတယ်။(ကိုရီးယားမှာ ကျောင်းသွားတက်ဖို့ဆိုရင် ကိုရီးယားသံရုံး အသိအမှတ်ပြု seal ထုပေးထားတဲ့ ပညာရေးအသိအမှတ်ပြု seal ထုထားတဲ့ အထောက်အထား ပညာရေး စာရွက်စာတမ်း တင်ပြရပါတယ်။)
✅ ရထားတဲ့ booking နံပါတ်ကာလအတွင်း သံရုံးတုံးထုရမယ့် စာရွက်စာတမ်းတွေကို Notary ပြန်တာ ပြင်ဆင်ရမှာပါ။
✅ Notary ပြန်ပြီးရင်တော့ Mofa ၀င်ရပါပြီး သံရုံးတုံးထုဖို့အတွက် ရထားတဲ့ ရက်ချိန်းမှာ သံရုံး seal ပြန်၀င်ရပါမယ်။ သံရုံး seal ထုပြီးတာနဲ့ စာရွက်ကိုပြန်ရတာ ၁၀ ရက်၀န်းကျင်ခန့်ကြာပါတယ်။
**အခုပြောထားတဲ့ process တွေပြီးတာနဲ့ ကျောင်းလျှောက်လို့ရပြီး Interview ဖြေဖို့လိုတဲ့ interview ဖြေရပါတယ်။ ပြီးရင် ကျောင်းဘက်က invoice ပေးတာနဲ့ ကျောင်းလခသွင်းလို့ ရပါပြီ။
✅ ကျောင်းခေါ်စာ (Admission letter) ရဖို့ ရက် ၂၀ ကြာ စောင့်ရပါမယ်။
✅ သံရုံး visa ၀င်ခွင့်အတွက် online booking ယူရပါမယ်။ ပြီးရင် visa form ဖြည့်ပြီး ရက်ချိန်းရတဲ့နေ့မှာ visa ၀င်ပါမယ်။ visa result ကတော့ ၁၅ ရက်ကနေ ၁လ၊ ၁လခွဲထိ ကြာနိုင်ပါတယ်။
ကိုရီးယားမှာ ပညာသင်ကြားဖို့ ကျောင်းနဲ့ပတ်သက်သည့် အသေးစိတ်အချက်အလက်များ တိုင်ပင်ဆွေးနွေးလိုပါက MyanGoal Edu ရုံးသို့ လူကိုယ်တိုင်လာရောက်၍ စုံစမ်းဆွေးနွေးနိုင်ပါတယ်။

Korea မှာ ကျောင်းတက်ချင်လား MyanGoal Edu ဆီလာ🙋🏻‍♂️
ကျောင်းလျှောက်ဖို့အတွက် ဆွေးနွေးတိုင်ပင်လိုပါက ဖုန်းနံပါတ် ☎️ 09440094094 သို့ ဆက်သွယ်နိုင်သလို၊ လူကိုယ်တိုင်လာရောက် စုံစမ်းလိုပါက ရန်ကုန်ရုံးသို့ လာရောက်နိုင်တဲ့အပြင်၊ Korea ဘက်မှာလဲ ရုံးချုပ်ရှိနေတော့ ဘာလိုသေးလဲ ကိုယ့်လူတို့ရေ။ အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်
🇲🇲🏠Yangon Address – No(76) 4B, Bogyoke St, Bamar Aye Qtr, Dawbone Tsp, Yangon, Myanmar ☎️ (+95) 09-440094094
🇰🇷🏠 Korea Address – Siltu Officetel, 76 Gyesan-ro, Gyeyang-gu, Incheon, South Korea. ☎️ (+82) 010-24971478

Latest