Skip to content
0
Home
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
Busan မြို့က အကောင်းဆုံးစျေးများ
Feb 24, 2025
—
by
Milo Kevin
in
Shopping & Promo
ဘူဆန်က အကောင်းဆုံးစျေးတွေဟာ စျေးနှုန်း သက်သက်သာသာနဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူနိုင်ရုံသာမက ဒေသတွင်း ယဉ်ကျေးမှုကိုပါ တွေ့ကြုံခံစားနိုင်ပါတယ်။ ဘူဆန်မြို့ရဲ့ ရိုးရာဈေး အများအပြားဟာ ဆယ်စုနှစ်များစွာ တည်ရှိနေခဲ့ပြီး ဒေသခံ လယ်သမားတွေနဲ့ တံငါသည်တွေရဲ့ လတ်ဆတ်တဲ့ ထွက်ကုန်များကို ရောင်းချဖို့အတွက်လဲ ထင်ရှားတဲ့ စုဝေးရာနေရာတစ်ခုအဖြစ် တည်ရှိနေပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal ကနေပြီးတော့ Busan မြို့က အကောင်းဆုံးစျေးတွေအကြောင်းကို ဖော်ပြလိုက်ပါတယ်။ ဘူဆန်မြို့ရောက်လို့ စျေးဝယ်ထွက်ချင်တဲ့ သူတွေရှိတယ်ဆိုရင်တော့ ဆက်ပြီး ဖတ်ကြည့်ကြည့်လိုက်ပါ။
Gukje ဈေး
Gukje စျေးကတော့ Busan ရဲ့ အကြီးဆုံးစျေးတွေထဲက တစ်ခုဖြစ်ပါတယ်။ ရာနှင့်ချီတဲ့ စျေးသည်တွေဆီက အဝတ်အစားတွေ၊ အစားအစာတွေ၊ လက်မှုပစ္စည်းတွေနဲ့ စက်ပစ္စည်းမျိုးစုံကို ဝယ်ယူနိုင်ပါတယ်။ ဘူဆန်မှာ ဈေးဝယ်ထွက်လို့ အကောင်းဆုံးနေရာတွေထဲက တစ်ခုဖြစ်တဲ့အပြင် ဒီဈေးဟာ Bupyeong Kkangtong စျေးနဲ့လဲ နီးပါတယ်။ Gukje စျေးကို သွားဖို့ကတော့ အတော်လေးလွယ်ကူပါတယ်။ မြေအောက်ရထား နံပါတ် 1 နဲ့ Jagalchi ကိုသွားပြီး ထွက်ပေါက် 7 မှာ ဆင်းပါ။
တည်နေရာ- Sinchang-dong 4-ga၊ Jung-gu၊ Busan၊
စျေးဖွင့်ချိန်- နေ့စဉ် နံနက် ၉ နာရီမှ ည ၈ နာရီအထိ (လတစ်လရဲ့ ပထမနဲ့ တတိယတနင်္ဂနွေနေ့တိုင်း ပိတ်ပါတယ်)
Jagalchi စျေး
Jagalchi စျေးကတော့ Busan ရဲ့ Jung-gu ခရိုင်မှာရှိတဲ့ ရိုးရာဈေးတစ်ခု ဖြစ်ပါတယ။ ဒီစျေးကို နာမည်ကို ကိုရီးယား စကားလုံး jagal (ကျောက်စရစ်ခဲ) နဲ့ chi (ကမ်းရိုးတန်းရွာ) တို့ကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ဒီပင်လယ်စာဈေးကို သွားရောက်တဲ့အခါ Jagalchi ajimae လို့ ချစ်စနိုးခေါ်တဲ့ ဒေသခံ သက်ကြီးရွယ်အို စျေးရောင်းသူတွေရဲ့ နွေးထွေးတဲ့ အပြုံးတွေနဲ့ ကြိုဆိုနေပါလိမ့်မယ်။ Jagalchi စျေးကတော့ ငါးနဲ့ အခွံမာသီးတွေအပြင် ပင်လယ်စာခြောက် ထုတ်ကုန်တွေကိုလဲ ဝယ်ယူလို့ အကောင်းဆုံး နေရာတစ်ခုဖြစ်ပါတယ်။ ငါးအစိမ်းနဲ့ ပင်လယ်စာတွေကိုလဲ Raw Fish Centre ကနေ စားသောက်ဆိုင်တွေကို မပို့ဆောင်မီ ကြိုတင် မှာယူနိုင်ပါတယ်။ ဒီစျေးမှာ အောက်တိုဘာလတိုင်း Jagalchi ပွဲတော်ကိုလည်း ကျင်းပလေ့ ရှိပါတယ်။ မြေအောက်ရထားလိုင်း နံပါတ် 1 ကို Nampo-dong ဘူတာထိစီးပြီး ဈေးကို 5 မိနစ်ခန့် လမ်းလျှောက်ရင် ရောက်ပါပြီ။
တည်နေရာ- 52 Jagalchihaean-ro၊ Nampo-dong၊ Jung-gu၊ Busan၊
ဈေးဖွင့်ချိန် – နေ့စဉ် နံနက် ၅ နာရီမှ ည ၉ နာရီအထိ။ စားသောက်ဆိုင်များ- နေ့စဉ် နံနက် ၉ နာရီမှ ည ၁၀ နာရီအထိ။ (လတစ်လရဲ့ ပထမနဲ့ တတိယ အင်္ဂါနေ့တွေမှာ စျေးပိတ်ပါတယ်။)
Busanjin ဈေး
Busanjin စျေးမှာတော့ ရာနှင့်ချီတဲ့ အ၀တ်အထည်တွေ၊ အထည်အလိပ်တွေနဲ့ အမှတ်တရပစ္စည်းတွေကို သင့်လျော်တဲ့ စျေးနှုန်းနဲ့ ရောင်းချပေးနေတဲ့ အသေးစား စျေးဝယ်စင်တာတစ်ခု ဖြစ်ပါတယ်။ Hanbok လို့ခေါ်တဲ့ ကိုရီးယားရိုးရာ အဝတ်အစားကို ဝယ်ယူဖို့အတွက်လဲ Busan မြို့ရဲ့ အကောင်းဆုံးနေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒေသခံအများအပြားဟာ ပုံစံအမျိုးမျိုး ဖန်တီးထားတဲ့ ပိုးထည်၊ sabra ပိုးထည်လို့ ခေါ်ကြတဲ့ rayon၊ ချည်နဲ့ ဖဲတို့လို ပစ္စည်းတွေ ဝယ်ယူဖို့အတွက် ဒီစျေးကို သွားရောက်လေ့ ရှိကြပါတယ်။ ဒါ့အပြင် အဝတ်အထည်တွေကို ချုပ်လုပ်နေကြတဲ့ အထည်ချုပ်သမားတွေကိုလဲ တွေ့နိုင်ပါတယ်။ Busanjin စျေးကို ရောက်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ Metro Line No.1 ကနေ Bumil-dong ဘူတာကို စီးပြီး ထွက်ပေါက်t 1 မှာဆင်းရင် ရောက်ပါပြီ။
တည်နေရာ – 290 Beomil-dong၊ Dong-gu၊ Busan၊
ဖွင့်ချိန် – တနင်္လာမှ စနေ မနက် 7 နာရီ မှ ည 7 နာရီ (တနင်္ဂနွေနေ့ ပိတ်ပါတယ်)
Bupyeong Kkangtong ဈေး
Bupyeong Kkangtong စျေးကလဲ Jagalchi စျေးနဲ့ Gukje စျေးတို့လိုမျိုးဘဲ Busan ရဲ့ လူကြိုက်အများဆုံး ဈေးတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီရိုးရာဈေးကတော့ Bupyeong-dong၊ Jung-gu၊ Busan မှာ တည်ရှိပါတယ်။ Bupyeong Kkangtong စျေးကတော့ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ၊ ပင်လယ်စာတွေ၊ အရံဟင်းလျာတွေ၊ အဝတ်အထည်နဲ့ အထွေထွေကုန်ကြမ်းတွေ အပါအဝင် ကုန်ပစ္စည်းမျိုးစုံကို ဝယ်ယူ ရရှိနိုင်ပါတယ်။ သက်သာတဲ့ စျေးနှုန်းတွေနဲ့လဲ ကိုရီးယားဟင်းမျိုးစုံကို စားသုံးနိုင်တာကြောင့် ညဘက်ကတော့ အစည်ကားဆုံးအချိန် ဖြစ်ပါ။ ဒီစျေးရောက်ရင် ခေါက်ဆွဲအစပ်တစ်မျိုးဖြစ်တဲ့ bibim dangmyeon နဲ့ yubu jumeoni လို့ ခေါ်တဲ့ တို့ဟူးကြော်ပါတဲ့ ခေါက်ဆွဲပြုတ်တို့ကို မြည်းစမ်း ကြည့်သင့်ပါတယ်။
တည်နေရာ- 39 Bupyeong 1-gil၊ Bupyeong-dong၊ Jung-gu၊ Busan၊
ဖွင့်ချိန်- နေ့စဉ် နံနက် ၉ နာရီမှ ည ၈ နာရီအထိ
#myangoal #shopping #korea #markets #Myanmar #busan #
Comments
Leave a Reply
Cancel reply
You must be
logged in
to post a comment.
←
Previous:
Soju နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အချက်အလက်တွေ
Next:
Korean variety show တွေ ကြည့်ဖူးကြလား ? part 1
→
Latest
AI ကို လေ့ကျင့်ပေးဖို့ လုပ်ငန်းခွင် အလုပ်တွေကို ဗီဒီယို ရိုက်ကူးပေးနေကြတဲ့ အိန္ဒိယ အလုပ်သမားများ
အိန္ဒိယနိုင်ငံ၊ ဘင်္ဂလောမြို့က အသက် ၂၂ နှစ်အရွယ် မုတ်ဆိတ်၊ ဆံပင်ညှပ်ဆရာ Mohammed Ashim ဟာ…
Read more
: AI ကို လေ့ကျင့်ပေးဖို့ လုပ်ငန်းခွင် အလုပ်တွေကို ဗီဒီယို ရိုက်ကူးပေးနေကြတဲ့ အိန္ဒိယ အလုပ်သမားများ
Smartphone Interface ပိုင်းမှာ Samsung ဘက်က အပြောင်းအလဲကြီးအချို့ ပြုလုပ်တော့မယ်ဆိုတဲ့ သတင်းအချို့ မကြာသေးမီက ထွက်ပေါ်ခဲ့ပါတယ်
၂၀၁၈ ခုနှစ်တုန်းကစလို့ One UI ဟာ Samsung ရဲ့ စက်ပစ္စည်းအားလုံးမှာ တစ်ပြိုင်တည်း သုံးစွဲခဲ့တဲ့…
Read more
: Smartphone Interface ပိုင်းမှာ Samsung ဘက်က အပြောင်းအလဲကြီးအချို့ ပြုလုပ်တော့မယ်ဆိုတဲ့ သတင်းအချို့ မကြာသေးမီက ထွက်ပေါ်ခဲ့ပါတယ်
iPhone Duo ကို ခေါက်စမ်းသပ်စက်ထဲမှာ အကြိမ် ၂၀,၀၀၀ အထိ ခေါက်ပြီးပြီ – Galaxy Z Fold 8 ကို ယှဉ်နိုင်မလား?
iPhone Duo ကို ခေါက်စမ်းသပ်စက်ထဲမှာ အကြိမ် ၂၀,၀၀၀ အထိ ခေါက်ပြီးပြီ – Galaxy…
Read more
: iPhone Duo ကို ခေါက်စမ်းသပ်စက်ထဲမှာ အကြိမ် ၂၀,၀၀၀ အထိ ခေါက်ပြီးပြီ – Galaxy Z Fold 8 ကို ယှဉ်နိုင်မလား?
Samsung Galaxy Z Fold8 စီးရီးက ဥရောပမှာ Fold7 ထက် ရောင်းအား ၄၅% ထိ တက်လာ
ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက Samsung ဘက်ကနေ Galaxy Z Fold8 နဲ့ Galaxy Z…
Read more
: Samsung Galaxy Z Fold8 စီးရီးက ဥရောပမှာ Fold7 ထက် ရောင်းအား ၄၅% ထိ တက်လာ
Apple က Under-Display Face ID နဲ့ Action Button တွေ ပါဝင်လာမယ့် iPhone Duo 2 Prototype ကို စမ်းသပ်နေပြီလို့ Mark Gurman ပြောကြား
Apple က Under-Display Face ID နဲ့ Action Button တွေ ပါဝင်လာမယ့်…
Read more
: Apple က Under-Display Face ID နဲ့ Action Button တွေ ပါဝင်လာမယ့် iPhone Duo 2 Prototype ကို စမ်းသပ်နေပြီလို့ Mark Gurman ပြောကြား
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is empty
Return to shop
Notifications
Leave a Reply
You must be logged in to post a comment.