0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
Best Things to Do with Kids in Busan
May 17, 2025
—
by
Milo Kevin
in
Travel
ဘူဆန်မြို့ကို မိသားစု အားလပ်ရက်ခရီးထွက်တဲ့ အခါ ကိုယ်ရဲ့ ကလေးတွေနဲ့အတူ သွားရောက်လည်ပတ်သင့်တဲ့ နေရာလေးတွေကို ပြောပြချင်လို့ စိတ်ဝင်စားကြလား ? ဒီနေရာတွေ သွားကြည့်ပြီး မိသားစုနဲ့အတူ တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရတွေကို ဖန်တီးလိုက်ပါ။ ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal-Travel ကနေပြီးတော့ ကိုရီးယားနိုင်ငံ ဘူဆန်မြို့ကို ခရီးထွက်တဲ့အခါ ကလေးတွေနဲ့ အတူ သွားရောက် လည်ပတ်ကြည့်သင့်တဲ့ နေရာ ၈ နေရာကို ပြောပြသွားမှာဘဲ ဖြစ်ပါတယ်။
1.ကိုရီးယား အမျိုးသား ရေကြောင်းပြတိုက်
အထပ် 4 ထပ်ရှိတဲ့ ကိုရီးယား အမျိုးသား ရေကြောင်းပြတိုက်ရဲ့ ဒုတိယထပ်မှာ ငါးပြတိုက်တစ်ခု ရှိပြီး အပူပိုင်းဒေသ ရေနေသတ္တဝါတွေနဲ့ ရှိတဲ့အပြင် ရေအောက်ထဲ ရောက်သွားသလို ခံစားရမယ့် ဖောက်ထွင်းမြင်ရတဲ့ ဥမင်တစ်ခု ရှိပါတယ်။ ပြပွဲတွေလဲ အမြဲတမ်း ရှိတဲ့အပြင် ခေါင်မိုးပေါ်မှာ နက္ခတ်တာရာပြခန်းနဲ့ ကစားကွင်းတွေလည်း ရှိတာကြောင့် ဒီပြတိုက်ဟာ အသက်အရွယ်မရွေး ကလေးတွေအတွက် သွားချင်စရာ နေရာတစ်ခု ဖြစ်လာပါတယ်။ မိသားစုဝင်တွေ၊ ကလေးတွေနဲ့ လာတဲ့အခါ စတုတ္ထထပ်မှာ ပင်လယ်ပြင်ကို လှမ်းကြည့်ပြီး ကော်ဖီသောက်ရင်း အနားယူနိုင်ပါတယ်။ မိသားစုတွေ အားလပ်ရက် ခရီးထွက်ဖို့ သွားစရာ နေရာတစ်ခု ရှာဖွေနေရင်တော့ ကိုရီးယား အမျိုးသားရေကြောင်းပြတိုက်ကို သွားကြည့်ဖို့ အကြံပြုပါတယ်။ စုံတွဲတွေအနေနဲ့လဲ museum date ချင်ရင်တော့ သွားလို့ကောင်းပါ
တယ်။
တည်နေရာ- 45 Haeyang-ro 301 beon-gil၊ Yeongdo-gu၊ Busan၊ တောင်ကိုရီးယား
ဖွင့်ချိန်- အင်္ဂါ-သောကြာ မနက် ၉ နာရီမှ ညနေ ၆ နာရီ၊ စနေ-တနင်္ဂနွေ မနက် ၉ နာရီမှ ည ၇ နာရီ (တနင်္လာနေ့ ပိတ်ပါတယ်)
2.ဘူဆန်အမျိုးသားသိပ္ပံပြတိုက်
Busan အမျိုးသားသိပ္ပံပြတိုက်ရဲ့ အဆောက်အဦ ဧရိယာတိုင်းဟာ လာရောက်လည်ပတ်တဲ့ လူတိုင်းအတွက် အေးအေးဆေး လေ့လာလို့ရနိုင်အောင် ဝင်ခွင့် အချိန်တွေကို သတ်မှတ်ပြီး လူအရေအတွက်လဲ ကန့်သတ်ထားပါတယ်။ ဒါကြောင့် Busan အမျိုးသားသိပ္ပံပြတိုက်ကို သွားမယ်ဆိုရင်တော့ သွားလို့ရတဲ့ အချိန်တွေကို အရင်ဆုံး စုံစမ်းထားရပါမယ်။ ယနေ့ခေတ် သိပ္ပံပညာရဲ့ တိုးတက်မှုတွေကို မြှင့်တင်ဖို့နဲ့ ခေတ်သစ် သိပ္ပံပညာကို အသုံးပြုရတဲ့ အတွေ့အကြုံကို ခံစားနိုင်အောင် တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ မော်တော်ယာဉ်တွေ၊ အာကာသယာဉ်တွေ၊ စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ဆိုင်တဲ့ ပြပွဲတွေလဲ ပြုလုပ်လေ့ရှိပါတယ်။ ပြတိုက်ရဲ့ အဆောက်အဦတစ်ခုစီတိုင်းဟာ ကလေးတွေရဲ့ စူးစမ်းလိုစိတ်ကို ပိုမို လှုံ့ဆော်ပေးဖို့ အရောင်တွေ၊ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ပျော်ရွှင်စရာကောင်းတဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ရင်း သိပ္ပံနည်းကျ သဘောတရားတွေကိုလဲ ကလေးတွေအနေနဲ့ သင်ယူနိုင်ပါတယ်။ ဒီပြတိုက်ဟာ သိပ္ပံနဲ့ နည်းပညာကို စိတ်ဝင်စားတဲ့ ကလေး၊ လူကြီး၊ ကျောင်းသားတွေအတွက်လဲ လေ့လာလို့ကောင်းပါတယ်။
တည်နေရာ- Busan အမျိုးသားသိပ္ပံပြတိုက်၊ 59 Dongbusan Gwangwang6-ro၊ Gijang-eup၊ Gijang-gun၊ Busan၊ တောင်ကိုရီးယား
ဖွင့်ချိန်- အင်္ဂါ-တနင်္ဂနွေ မနက် ၉း၃၀ မှ ညနေ ၅း၃၀ (တနင်္လာနေ့ပိတ်သည်)
3.Beomeosa (ဗိမာန်တော်)
Beomeosa ကတော့ ကျယ်ကျယ်ဝန်းဝန်းရှိပြီး အေးချမ်းတဲ့ အတွေ့အကြုံကို ရနိုင်တဲ့ ဘုရားကျောင်း ဖြစ်ပါတယ်။ တောအုပ်တလျှောက် လှေကားထစ်တွေနားမှာရှိတဲ့ သဘာဝအလှကြောင့်လဲ ကျော်ကြားပါတယ်။ 9 ရာစု Iljumun Gate ကတော့ အထပ်သုံးထပ်ရှိတဲ့ ဘုရားဖြစ်ပြီး သဘာဝ အထိမ်းအမှတ်အဖြစ် သတ်မှတ်ခြင်းခံရတဲ့ ချစ်စဖွယ် wisterias အပင်တွေနဲ့ ဝန်းရံထားပါတယ်။ ဒီဘုရားကျောင်းတဝိုက်မှာ wisteria အပင်ပေါင်း 6,000 ခန့်ရှိတဲ့ နေရာဖြစ်တာကြောင့် ကိုရီးယားမှာ wisteria အပင်တွေ အများဆုံးရှိတဲ့ နေရာလဲ ဖြစ်ပါတယ်။ ကလေးတွေအတွက် သဘာဝ အလှအပတွေနဲ့အတူ ဘာသာရေး ကိုးကွယ်ယုံကြည်မှုဆိုင်ရာ နေရာအဖြစ်လဲ ခံစားလို့ရပါတယ်။
တည်နေရာ- Beomeosa၊ 250 Beomeosa-ro၊ Geumjeong-gu၊ Busan၊ တောင်ကိုရီးယား
4.ဘူဆန်အရုပ်ပြတိုက်
ဘူဆန် အရုပ်ပြတိုက်ကတော့ ကလေးတွေနဲ့ လူကြီးတွေအတွက်ပါ တစ်နေရာတည်းမှာ အရုပ်မျိုးစုံကို ပြသထားပြီး အထပ် ၈ ထပ်ရှိတဲ့ ပြတိုက်ဖြစ်ပါတယ်။ ပိတ်ရက်တွေနဲ့ အားလပ်ရက်တွေမှာ ပိတ်တာကြောင့် ထူးဆန်းပေမယ့် သွားတဲ့အခါမှာတော့ အံသြစရာ အတွေ့အကြုံကို ရရှိစေမှာပါ။ အထပ်တိုင်းမှာ theme တခုနဲ့ တခု မတူပါဘူး။ ဒုတိယထပ်က Movie Land ဖြစ်ပြီး Harry Potter, Sherk, Batman စတဲ့ ရုပ်ရှင်တွေထဲက အရုပ်တွေကိုတွေ့နိုင်ပါတယ်။ တတိယထပ်မှာတော့ Miniature Land ဖြစ်ပြီး ကားတွေ၊ လေယာဥ်တွေ၊ ဆိုင်ကယ်အသေးစား အရုပ်မျိုးစုံကို တွေ့မြင်နိုင်ပါတယ်။ ငါးထပ်မြောက်မှာဆိုရင် Doll Land ဖြစ်ပြီး Dooli, Bbung Bbungi, Pororo, Micky Mouse စတဲ့ အရုပ်တွေရှိပြီး ခြောက်ထပ်နဲ့ ခုနစ်ထပ်မြာက်မှာတော့ indoor ကစားကွင်းနဲ့ အရုပ်တွေကို ကိုယ်တိုင် ပြုလုပ်လို့ရတဲ့ နေရာတွေ ရှိပါတယ်။
တည်နေရာ- 99 Suyeong-ro 196 beon-gil၊ Nam-gu၊ Busan၊ တောင်ကိုရီးယား
ဖွင့်ချိန်- တနင်္လာ-သောကြာ နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီ (စနေ၊ တနင်္ဂနွေ ပိတ်ပါ)
ကျန်နေသေးတဲ့ နေရာတွေဖြစ်တဲ့ Busan Citizens Park၊ LetsRun Park Busan-Gyeongnam၊ LG သိပ္ပံခန်းမ၊ Busan Cinema Center အကြောင်းတွေကို နောက်တစ်ပတ် ကျွန်တော်တို့ MyanGoal-Travel ကနေပြီးတော့ဘဲ တင်ဆက်ပေးမှာ ဖြစ်ပါတယ်။
#kids #Myanmar #visit #AirTicket #myangoal #korea #travel #activities #busan #thingstodo
←
Previous:
Part – 2 တောင်ကိုရီးယားက နာမည်ကြီး လူသွားများတဲ့ အပန်းဖြေဥယျာဥ် 8 ခု
Next:
Temu ကို ကိုရီးယားမှာ ဒဏ်ကြေး ဝမ် ၁.၃ ဘီလီယံချမှတ်
→
Latest
တိုက်ခန်းကျဉ်းလေးထဲကနေ အာရှရဲ့ ဒုတိယအချမ်းသာဆုံးနေရာအထိ တက်လှမ်းလာတဲ့ TikTok သူဌေးကြီး
တိုက်ခန်းကျဉ်းလေးထဲကနေ အာရှရဲ့ ဒုတိယအချမ်းသာဆုံးနေရာအထိ တက်လှမ်းလာတဲ့ TikTok သူဌေးကြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တစ်ရက်တည်းမှာတင် ဒေါ်လာ ၂၄…
Read more
: တိုက်ခန်းကျဉ်းလေးထဲကနေ အာရှရဲ့ ဒုတိယအချမ်းသာဆုံးနေရာအထိ တက်လှမ်းလာတဲ့ TikTok သူဌေးကြီး
OS Update အသစ်တွေကို မိတ်ဆက်ပေးတော့မယ်
လာမယ့် WWDC ပွဲကြီးမှာ ထုံးစံအတိုင်း Apple တစ်ဖွဲ့လုံးရဲ့ iPhone, iPad နဲ့ MacBook…
Read more
: OS Update အသစ်တွေကို မိတ်ဆက်ပေးတော့မယ်
Gemini AI စနစ်ပါဝင်သော စမတ်မျက်မှန်များကို Google ထုတ်လုပ်တော့မည်
Gemini AI စနစ်ပါဝင်သော စမတ်မျက်မှန်များကို Google ထုတ်လုပ်တော့မည် စမတ်ဖုန်းတွေကို လက်ကနေ ကိုင်သုံးနေရတဲ့ ခေတ်ကနေ…
Read more
: Gemini AI စနစ်ပါဝင်သော စမတ်မျက်မှန်များကို Google ထုတ်လုပ်တော့မည်
Facebook Myday ခိုးကြည့်တာတွေကို သိရတော့မယ့် Update အသစ်
Facebook Myday ခိုးကြည့်တာတွေကို သိရတော့မယ့် Update အသစ် Facebook ပေါ်မှာ သူများရဲ့ MyDay…
Read more
: Facebook Myday ခိုးကြည့်တာတွေကို သိရတော့မယ့် Update အသစ်
အမေရိကန်အစိုးရဟာ နှစ်ပေါင်းများစွာ လျှို့ဝှက်ထိန်းသိမ်းထားခဲ့တဲ့ UFO ဆိုင်ရာ မှတ်တမ်းတွဲတွေကို သမ္မတထရမ့်ရဲ့ ညွှန်ကြားချက်နဲ့ ပထမဆုံးအကြိမ် လူထုထံ ချပြ
အမေရိကန်အစိုးရဟာ နှစ်ပေါင်းများစွာ လျှို့ဝှက်ထိန်းသိမ်းထားခဲ့တဲ့ UFO (အမျိုးအမည်မသိ ပျံသန်းရေးယာဉ်) ဆိုင်ရာ မှတ်တမ်းတွဲတွေကို သမ္မတထရမ့်ရဲ့ ညွှန်ကြားချက်နဲ့…
Read more
: အမေရိကန်အစိုးရဟာ နှစ်ပေါင်းများစွာ လျှို့ဝှက်ထိန်းသိမ်းထားခဲ့တဲ့ UFO ဆိုင်ရာ မှတ်တမ်းတွဲတွေကို သမ္မတထရမ့်ရဲ့ ညွှန်ကြားချက်နဲ့ ပထမဆုံးအကြိမ် လူထုထံ ချပြ
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications