တောင်ကိုရီးယားမှာ ကျောင်းသွားတက်ဖို့ ပြင်ဆင်နေကြသူတွေရှိကြလား ?
ဆိုးလ်မြို့ထဲမှာ ကျောင်းတက်ချင်လို့လဲ Sungkyunkwan University ကိုရွေးထားကြတဲ့ သူတွေရှိကြလား?
Sungkyunkwan တက္ကသိုလ်မှာ ကျောင်းသွားတက်တဲ့အခါမှာ အောက်မှာဖော်ပြထားတဲ့ နေရာတွေထဲက ဘယ်နေရာတွေ သွားချင်ကြလဲ ? ဒါမှမဟုတ် လက်ရှိ Sungkyunkwan တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့သူတွေ ရှိရင်လဲ ဘယ်လိုနေရာတွေ အသွားများကြလဲ ဆိုတာ comment မှာ ရေးခဲ့လို့ရပါတယ်။ Sungkyunkwan တက္ကသိုလ်မှာ ကျောင်းတက်ကြမယ့်သူအချင်းချင်း မြန်မာတွေအသွားများတဲ့ နေရာတွေ သိရတော့ အခုမှစလာမယ့် သူတွေအတွက်လဲ အဆင်ပြေစေမှာပါ။
Sungkyunkwan University ကတော့ တောင်ကိုရီးယားနိုင်ငံမှာဆိုရင် အဆင့် ၅ တက္ကသိုလ်ဖြစ်ပြီး အာရှမှာ အဆင့် #61 ရှိတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။ ဆိုးလ်မြို့တွင်းမှာဆိုလဲ Top 5 ကျောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် Plastic Surgery၊ Nanotechnology၊ Radiation Therapy ဘာသာရပ်တွေနဲ့ ပတ်သက်ပြီးတော့လဲ နာမည်ကြီးပါတယ်။ တည်နေရာကတော့ 25-2 Seonggyungwan-ro, Jongno District, ဆိုးလ်မြို့မှာဘဲ ဖြစ်ပါတယ်။
ပထမဦးဆုံးအနေနဲ့…….
နံပါတ် ၁ – တောင်ကိုရီးယားနိုင်ငံရဲ့ ယဥ်ကျေးမှုအမွေအနှစ် နေရာတွေဖြစ်တဲ့ ဆိုးလ်မြို့တံတိုင်း၊ Changdeok နန်းတော်၊ Gyeongbok နန်းတော်နဲ့ သမ္မတအိမ်တော်ဖြစ်တဲ့ အိမ်ပြာတော် (Cheong Wa Dae) တို့ကိုဘဲ သွားရောက်လည်ပတ်မှာလား ?
နံပါတ် ၂ – Night out ထွက်လို့ကောင်းပြီး ပွဲတော်တွေပါ ကျင်းပလေ့ရှိတဲ့ ယဉ်ကျေးမှုနဲ့ အနုပညာကြွယ်ဝတဲ့ Daehangno (University Street) ကို သွားမှာလား ?
နံပါတ် ၃ – ရှေးဟောင်းပစ္စည်းတွေ၊ ရှေးခေတ်ကိုရီးယား လက်ရာတွေ၊ ကြွေထည်ပစ္စည်းတွေရှိတဲ့ Insa-dong Antique Art Street ကိုဘဲ သွားမလား ?
နံပါတ် ၄ – နာမည်ကြီး ရုပ်ရှင်တွေ လာရောက်ရိုက်ကူးရုံသာမက ပွဲတော်ကျင်းပတဲ့ အချိန်တွေမှာလဲ လူစည်ကားလေ့ရှိတဲ့ Cheonggye စမ်းချောင်းကိုဘဲ သွားမလား ?
ကဲ ဒါဆိုရင်တွေ ဘယ်နေရာတွေ သွားချင်လဲ ? ဘယ်နေရာတွေ အသွားများလဲဆိုတာ comment မှာ ဖြေခဲ့ကြပါဦး။ တောင်ကိုရီးယားမှာ ကျောင်းသွားတက်ချင်တယ်ဆိုလဲ ကူညီပေးဖို့ ကျွန်တော်တို့ MyanGoal – Education ရှိပါတယ်။
Korea မှာ ကျောင်းတက်ချင်လား MyanGoal Edu ဆီလာ🙋🏻♂️
အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်
📍Office (Korea): 인천광역시 부평구 광장로 16, 1층 11호
ဘူဖျောင်းဘူတာ Shopping Mall, Lotte Mart မြေညီထပ် 11, အင်ချွန်း။
☎️(+82) 010-9992-1478
📍 Office (Myanmar): No(76) 4B, Bogyoke St, Bamar Aye Qtr, Dawbone Tsp, Yangon, Myanmar
☎️(+95) 09-440-094-094






