Samsung ဟာ မနေ့ကမှ Galaxy S26၊ S26+ နဲ့ S26 Ultra တွေအတွက် One UI 9 Update ကို စတင် ထုတ်ပေးခဲ့တာ ဖြစ်ပါတယ် (S26 FE ကတော့ One UI 9 နဲ့တစ်ပါတည်း ထွက်ရှိလာခဲ့တာပါ)။ ဒါပေမဲ့ Global Press Release ထဲမှာတော့ Model အဟောင်းတွေအတွက် အသေးစိတ် အချက်အလက်တွေကို သိပ်မဖော်ပြထားဘဲ Privacy Alerts Feature ကို ဘယ် Model တွေ ရမလဲဆိုတာလောက်ပဲ အသိပေးခဲ့ပြီး Update ဘယ်တော့ ရမလဲဆိုတာကိုတော့ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပါဘူး။
ကံကောင်းစွာနဲ့ပဲ Samsung Thailand ကတော့ အချိန်ဇယား အသေးစိတ်ကို ထုတ်ပြန်ပေးခဲ့ပါတယ်။ Galaxy S25 Series နဲ့ Galaxy Z7 ခေါက်ဖုန်းတွေဟာ လာမယ့် စက်တင်ဘာ ၂၈ ရက်နေ့မှာ One UI 9 ကို ရရှိတော့မှာဖြစ်ပါတယ်။
Press Release ထဲမှာ “ဒီနှစ် အောက်တိုဘာလ အရောက်မှာတော့ Galaxy S23 FE အထိပါ Update ဆက်လက် ရရှိသွားမှာဖြစ်ပါတယ်” လို့လည်း ဖော်ပြထားပါတယ်။ Galaxy S23 FE ဟာ Android 13 နဲ့ စတင် ထွက်ရှိခဲ့စဉ်က Major OS Update ၄ ကြိမ်ပဲ ပေးမယ်လို့ ကတိပြုထားခဲ့တာကြောင့် အခု One UI 9 (Android 17) ဟာ သူ့အတွက် နောက်ဆုံး OS Update ဖြစ်လာမှာပါ။ Press Release မှာ အမည်တပ် မပြောထားပေမဲ့ တခြား Galaxy S23 Model တွေအတွက်လည်း ဒီအတိုင်းပဲ သက်ရောက်မှာ ဖြစ်ပါတယ်။
Galaxy S22 Series ကတော့ သူ့ရဲ့ နောက်ဆုံး Major Update (Android 16/One UI 😎 ကို ရရှိပြီးသွားပြီ ဖြစ်ပေမဲ့ Security Patch တွေကိုတော့ ၃ လတစ်ကြိမ် ဆက်လက် ရရှိနေဆဲဖြစ်ပါတယ်။






