iOS 27 ရဲ့ Siri AI အသစ် ရဖို့ Waitlist လျှောက်နည်း

iOS 27 စနစ်သစ် ထွက်လာလို့ Update တင်ပြီးတာနဲ့ Siri AI အသစ်နဲ့ သီးသန့် Siri App ကို ချက်ချင်း မြင်ရမှာ မဟုတ်ပါဘူး။ ဒီ Feature သစ်ကို သုံးနိုင်ဖို့ Apple ရဲ့ Waitlist ထဲ အရင်ဆုံး တန်းစီ လျှောက်ထားရမှာ ဖြစ်ပါတယ်။

Waitlist လျှောက်ထားပုံ အဆင့်ဆင့်

လျှောက်ရတာ အလွန် လွယ်ကူပါတယ်။

၁။ ဖုန်းရဲ့ Settings ထဲ ဝင်ပါ။

၂။ Siri ဆိုတဲ့ Menu ကို နှိပ်ပါ။

၃။ Try Siri AI (Beta) ဆိုတာလေးကို နှိပ်ပြီး ညွှန်ကြားချက်အတိုင်း ဆက်လုပ်ပေးရုံပါပဲ။

တန်းစီစောင့်ဆိုင်းရချိန်ကတော့ လူတစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ အချို့ဆိုရင် မိနစ်ပိုင်းအတွင်းမှာတင် ရသွားတတ်ပြီး၊ အချို့ကျတော့လည်း နာရီပိုင်း သို့မဟုတ် ရက်ပိုင်းလောက်အထိ စောင့်ရတာမျိုး ရှိပါတယ်။ ခွင့်ပြုချက်ရပြီဆိုရင် ဖုန်းမှာ Notification ပေါ်လာမှာဖြစ်ပြီး Siri App ကလည်း ဖုန်းထဲ အလိုအလျောက် ရောက်လာပါလိမ့်မယ်။ သုံးချင်ရင်တော့ Dynamic Island ကို အောက်ဆွဲတာ၊ Side button ကို ဖိနှိပ်တာ ဒါမှမဟုတ် Siri App ထဲ တိုက်ရိုက်ဝင်ပြီး စကားပြောတာ/စာရိုက်တာ လုပ်လို့ရပါတယ်။

Siri AI သုံးနိုင်မယ့် ဖုန်းများနဲ့ ကန့်သတ်ချက်များ

iOS 27 ကို iPhone 11 ကနေ စပြီး Update တင်လို့ရပေမဲ့ Siri AI ကိုတော့ Apple Intelligence ထောက်ပံ့တဲ့ iPhone 15 Pro နှင့် အထက် မော်ဒယ်တွေမှာပဲ သုံးလို့ရမှာပါ။ (iPhone 15 Pro, 15 Pro Max, iPhone 16 Series အကုန်, iPhone 16e, iPhone Air, iPhone 17 Series အကုန်, iPhone 17e, iPhone Duo နဲ့ iPhone 18 Pro မော်ဒယ်တွေ ပါဝင်ပါတယ်)။

လက်ရှိမှာတော့ ဒီ Siri AI အသစ်ကို အင်္ဂလိပ်ဘာသာစကားတစ်ခုတည်းနဲ့ပဲ စတင်သုံးလို့ရသေးပြီး အောက်တိုဘာလထဲ ထွက်မယ့် iOS 27.1 ရောက်ရင်တော့ ပြင်သစ်၊ ဂျပန်၊ ကိုရီးယား၊ ပေါ်တူဂီနဲ့ စပိန် ဘာသာစကားတွေ ပါဝင်လာမှာပါ။ 

အရင် Siri လိုမျိုး Timer ပေးခိုင်းတာ၊ ရာသီဥတု မေးတာလောက်တင် မဟုတ်တော့ဘဲ ChatGPT လိုမျိုး မေးသမျှကို ပိုမို ပါးနပ်စွာ အဖြေပေးနိုင်လာတာ ဖြစ်ပါတယ်။ ဖုန်းထဲက ကိုယ်ပိုင် အချက်အလက်တွေကို နားလည်နိုင်စွမ်းရှိပြီး၊ မျက်နှာပြင်ပေါ် ပေါ်နေတဲ့ အရာတွေကို ပါ လေ့လာပြီး အက်ပ်တွေထဲမှာ အမိန့်ပေး ခိုင်းစေနိုင်မှာ ဖြစ်ပါတယ်။


Latest