🛌🛋️🪑 ကိုရီးယားမှ ‘အမှိုက်’ သို့မဟုတ် ကျနော်တို့အတွက် ‘ရွှေများ’… ဒီနေရာမှာ ‘အမှိုက်’ ဆိုတာကို ပြောချင်ပါတယ်။
ဒီနေ့ပြောမယ့် အမှိုက်ဆိုတာကတော့ အိမ်သုံးပစ္စည်းတွေကို ဆိုလိုပါတယ်။ ကုတင်တွေ၊ မွေ့ယာတွေ၊ ခုံတွေ၊ ဗီရိုတွေ၊ စားပွဲတွေ၊ လျှပ်စစ်ပစ္စည်းတွေပေါ့။ ဒါတွေကို တချို့ကျ အိမ်ပြောင်းလို့ မသယ်နိုင်လို့ စွန့်ပစ်ကြတယ်။ တချို့ကျ နှစ်သစ်ကူးလို့ အသစ်လဲကြတယ်။ တချို့ကျ သုံးမရတော့လို့ စွန့်ပစ်ကြတယ်။
အဲထဲမှာ သုံးမရတာတွေကတော့ ထားပါတော့ တချို့ဟာတွေက အကောင်းတိုင်းတွေကြီးပဲ ဆိုဖာ၊ ထိုင်ခုံတွေက အစ အားကစားပစ္စည်းအဆုံးပေါ့ မိမိတို့အိမ်ရှေ့မှာ ပုံထားရတယ်။ သက်ဆိုင်ရာနယ်မြေအလိုက် အခွန်ဆောင်ပြီး စတစ်ကာ ကပ်ထားရတယ်။ ဒါမှ အမှိုက်သိမ်းတဲ့ကားတွေက လာသိမ်းတာပေါ့။ စတစ်ကာ မရှိလို့ကတော့ ဆောရီးပါ ဘယ်လောက်ကြာကြာ လာမသိမ်းပါဘူး။
ပစ္စည်းက ကောင်းနေသေးရင်တော့ တခြားအသုံးတည့်သူက သယ်သွားရင် ကိစ္စမရှိပေမယ့်၊ အစုတ်တွေကျ အိမ်ရှုပ်ခံပြီး မသယ်ကြပါဘူး။ အဲ့တော့ လမ်းမှာ ကြာလာရင် ကွိုင်တတ်ပြီး အတိုင်ခံရရင် ဒဏ်ကြေး ပိုဆောင်ရတတ်ပါတယ်။
ပြောချင်တာက အဲလို ပစ္စည်းတွေက အသစ်ဆို စျေးအရမ်းကြီးပါတယ်။ အဲတော့ မိမိအိမ်အနီးနားမှာ အဲလို ပစ်ထားတာတွေ့တဲ့အခါ အကုန်မသယ်နိုင်ရင်တောင် ချန်ထားခဲ့တဲ့ ပစ္စည်းပေါ်မှာ စတစ်ကာထားခဲ့ပြီး ကျန်တာ သယ်လို့ရပါတယ်။ မင်မင်တို့ကတော့ နီးလည်းနီးတယ် အသုံးလဲဝင်ဝယ်တယ်ဆို အကုန်မပါတယ်။ အစက ရှက်တော့ အခန်းဖော်နဲ့ ညသန်းခေါင်မှ ထသယ်ဖူးတယ်၊ ခုကတော့ ပေါ်တင် ပြောင်ပြောင်တင်းတင်းပဲ မပါတယ်။ 😂 ကျောင်းသား တယောက်အနေနဲ့ ပိုက်ဆံသက်သာ နည်းလားနော်?
ခင်ဗျားတို့လည်း ရောက်လာတဲ့အခါ အသုံးတည့်ရင် သယ်ကြပါ။ အကောင်းတွေကြီးပစ်ထားတာများပါတယ်။ မင်မင်တို့ရဲ့ အိမ်မှာလည်း များပါတယ် မယုံလာကြည့်ပါ။ 😁
သတိထားရမှာက တခါတလေကျ အိမ်ပြောင်းမှာမို့ အိမ်ရှေ့ခဏထုတ်ထားတာတွေ ရှိတတ်တယ်။ အဲကျ မပူပါနဲ့ စာကပ်ထားပါတယ် 가져가지마세요‼️”ယူမသွားပါနဲ့!!” ဆိုပြီးပေါ့ ကျန်တဲ့ အမှိုက်ပစ်နည်းတွေတော့ သေချာ နောက်မှ တင်ပေးပါမယ် ခုတော့ ဒါပါပဲ။ ဒီလိုစိတ်၀င်စားဖွယ်ကောင်းတဲ့ အကြောင်းအရာတွေကို ထပ်ပြီးသိချင်သေးရင်တော့ ကျွန်တော်တို့ MyanGoal Edu ကို Like & Follow လေးလုပ်သွားခဲ့လို့ရပါတယ်။
Korea မှာ ကျောင်းတက်ချင်လား MyanGoal Edu ဆီလာ
ကျောင်းလျှောက်ဖို့အတွက် ဆွေးနွေးတိုင်ပင်လိုပါက ဖုန်းနံပါတ်
09440094094 သို့ ဆက်သွယ်နိုင်သလို၊ လူကိုယ်တိုင်လာရောက် စုံစမ်းလိုပါက ရန်ကုန်ရုံးသို့ လာရောက်နိုင်တဲ့အပြင်၊ Korea ဘက်မှာလဲ ရုံးချုပ်ရှိနေတော့ ဘာလိုသေးလဲ ကိုယ့်လူတို့ရေ။ အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်







Leave a Reply
You must be logged in to post a comment.