တောင်ကိုရီးယားဟာ Computer Science၊ Information Technology နဲ့ပတ်သက်တဲ့ ဘာသာရပ်တွေ သင်ကြားချင်သူတွေအတွက် ကောင်းလား?
ယနေ့ခေတ်ဟာ ဒစ်ဂျစ်တယ်ခေတ် ဖြစ်လာတာနဲ့အညီ နည်းပညတွေ တိုးတက်လာတာနဲ့အမျှ ကွန်ပျူတာသိပ္ပံ၊ သတင်းအချက်အလက်နည်းပညာနဲ့ ပတ်သက်တဲ့ မေဂျာတွေကို နိုင်ငံတကာ ကျောင်းသားတွေဟာ တောင်ကိုရီးယားမှာ သင်ကြားတဲ့အခါ အရွေးများကြပါတယ်။ ဘွဲ့ရပြီးရင်လဲ အရည်အချင်းပြည့်မီတဲ့သူတွေကို နိုင်ငံတကာ ကုမ္ပဏီကြီးတွေနဲ့ ကိုရီးယားထိပ်တန်း ကုမ္ပဏီတွေကလဲ ရွေးချယ်လေ့ ရှိပါတယ်။ Computer Science နဲ့ IT ကျောင်းသားတွေအနေနဲ့ အောက်မှာ ဖော်ပြထားတဲ့ ဘာသာရပ်တွေဟာ တောင်ကိုရီးယားမှာ လူကြိုက်အများဆုံးနဲ့ အကောင်းဆုံး အထူးပြု သင်ကြားကြတဲ့ မေဂျာတွေဘဲ ဖြစ်ပါတယ်။
Data Science
Cybersecurity
Computer Graphics
Network Administration
System Administration
Database Administration
Information Security
Web Development
Artificial Intelligence
ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal – Edu Page ကနေ IT နဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့ ကိုရီးယားက ထိပ်တန်းကျောင်း 10 ကျောင်းကို ပြောပြပေးလိုက်ပါတယ်။
1. KAIST (Korea Advanced Institute of Science & Technology) – IT နဲ့ ပတ်သက်တဲ့ မေဂျာတွေအတွက်ဆို အာရှမှာ အဆင့် #14 နဲ့ ကမ္ဘာ့အဆင့် #130 ရှိပါတယ်။ တောင်ကိုရီးယားနိုင်ငံ Daejeon မြို့မှာ တည်ရှိပါတယ်။
2. Yonsei University – IT နဲ့ ပတ်သက်တဲ့ မေဂျာတွေအတွက်ဆို အာရှမှာ အဆင့် #18 နဲ့ ကမ္ဘာ့အဆင့် #151 ရှိပါတယ်။ တောင်ကိုရီးယားနိုင်ငံ Seoul မြို့မှာ တည်ရှိပါတယ်။
3. Korea University – IT နဲ့ ပတ်သက်တဲ့ မေဂျာတွေအတွက်ဆို အာရှမှာ အဆင့် #33 နဲ့ ကမ္ဘာ့အဆင့် #245 ရှိပါတယ်။ တောင်ကိုရီးယားနိုင်ငံ Seoul မြို့မှာ တည်ရှိပါတယ်။
4. Seoul National University – IT နဲ့ ပတ်သက်တဲ့ မေဂျာတွေအတွက်ဆို အာရှမှာ အဆင့် #54 နဲ့ ကမ္ဘာ့အဆင့် #326 ရှိပါတယ်။ တောင်ကိုရီးယားနိုင်ငံ Seoul မြို့မှာ တည်ရှိပါတယ်။
5. Kyung Hee University – IT နဲ့ ပတ်သက်တဲ့ မေဂျာတွေအတွက်ဆို အာရှမှာ အဆင့် #67 နဲ့ ကမ္ဘာ့အဆင့် #366 ရှိပါတယ်။ တောင်ကိုရီးယားနိုင်ငံ Seoul မြို့မှာ တည်ရှိပါတယ်။
6. Sungkyunkwan University – IT နဲ့ ပတ်သက်တဲ့ မေဂျာတွေအတွက်ဆို အာရှမှာ အဆင့် #79 နဲ့ ကမ္ဘာ့အဆင့် #436 ရှိပါတယ်။ တောင်ကိုရီးယားနိုင်ငံ Seoul မြို့မှာ တည်ရှိပါတယ်။
7. Dongguk University – IT နဲ့ ပတ်သက်တဲ့ မေဂျာတွေအတွက်ဆို အာရှမှာ အဆင့် #85 နဲ့ ကမ္ဘာ့အဆင့် #469 ရှိပါတယ်။ တောင်ကိုရီးယားနိုင်ငံ Seoul မြို့မှာ တည်ရှိပါတယ်။
8. Kyungpook National University – IT နဲ့ ပတ်သက်တဲ့ မေဂျာတွေအတွက်ဆို အာရှမှာ အဆင့် #92 နဲ့ ကမ္ဘာ့အဆင့် #487 ရှိပါတယ်။ တောင်ကိုရီးယားနိုင်ငံ Daegu မြို့မှာ တည်ရှိပါတယ်။
9. Hanyang University – IT နဲ့ ပတ်သက်တဲ့ မေဂျာတွေအတွက်ဆို အာရှမှာ အဆင့် #153 နဲ့ ကမ္ဘာ့အဆင့် #707 ရှိပါတယ်။ တောင်ကိုရီးယားနိုင်ငံ Seoul မြို့မှာ တည်ရှိပါတယ်။
10. Ajou University – IT နဲ့ ပတ်သက်တဲ့ မေဂျာတွေအတွက်ဆို အာရှမှာ အဆင့် #154 နဲ့ ကမ္ဘာ့အဆင့် #709 ရှိပါတယ်။ တောင်ကိုရီးယားနိုင်ငံ Suwon မြို့မှာ တည်ရှိပါတယ်။







Leave a Reply
You must be logged in to post a comment.