Pop ဘက်ကို သွားမယ်ဆိုတဲ့ Blackpink အဖွဲ့ဝင် Lisa

LISA ကတော့ ယခုနှစ်ထဲမှာတင် သီချင်း နှစ်ပုဒ်ထုတ်ခဲ့တာဖြစ်ပြီး ပထမတစ်ပုဒ်ဟာ Rockstar ဖြစ်ပြီး ဒုတိယ တစ်ပုဒ်ကတော့ Rosalía Featuring ပါဝင်ထားတဲ့ New Women ဆိုတဲ့ သီချင်းသစ်တွေဖြစ်ကြပါတယ်။
ဒါပေမယ့် ယခုနှစ်ထဲမှာတင် သူမရဲ့ တတိယ သီချင်းတစ်ပုဒ်ဖြစ်တဲ့ So Kiss Me ဆိုတဲ့ Pop သီချင်းသစ်ကို ထပ်ထုတ်သွားမှာဖြစ်တယ်လို့လည်းပြောထားပါတယ်။
ပုံမှန်ဆိုရင် Lisa ဟာ Rap နဲ့ Hip Hop ဘက်ကိုပိုရောက်တဲ့ Artist ဖြစ်ပြီး Pop သီချင်းသစ်က သူမအတွက် စိန်ခေါ်မှုတစ်ခုဖြစ်တယ်လို့လည်းပြောပါသေးတယ်။
တော်တော်များများထင်ကြေးပေးနေတာကတော့ Lisa ရဲ့ အောင်မြင်မှုဟာလည်း ဒီ သီချင်းသစ်မှာ ထပ်မံ ရရှိဦးမယ်လို့ပြောနေကြပြီဖြစ်ပါတယ်။
#MyanGoal #Lisa #Blackpink #pop #kpop #myanmar #fan


Latest