Bingsu (빙수) ဒါမှမဟုတ် ကိုရီးယားရေခဲခြစ်

ကိုရီးယားမှာ နွေရာသီဆိုရင် အပူဒဏ်ကနေ သက်သာစေဖို့အတွက် လူအကြိုက်များဆုံး စားလေ့ရှိတဲ့ အချိုပွဲရှိပါတယ်။ အဲ့ဒါကတော့ bingsu (빙수) ခေါ် ကိုရီးယား ရေခဲခြစ်ဖြစ်ပါတယ်။ ဒီရေခဲခြစ်ကို အရသာအမျိုးမျိုးနဲ့ toppings မျိုးစုံထည့်ထားတဲ့ bingsu အမျိုးအစား များစွာရှိပါတယ်။ ဒါ့အပြင် ကိုရီးယားမှာ bingsu က ဘယ်အချိန်ကတည်းက ပေါ်နေတာလဲ ? Bingsu အမျိုးအစားတွေလဲ ဘယ်လိုမျိုးရှိလဲဆိုတာ သိချင်ရင်တော့ ဆက်ပြီးဖတ်ကြည့်ကြည့်လိုက်ပါ။

Bingsu (빙수) ရဲ့ သမိုင်းကြောင်း
အရင်ဆုံး bingsu ရဲ့ သမိုင်းကြောင်းနဲ့ စလိုက်ရအောင်။ Joseon မင်းဆက်တုန်းက ပူပြင်းတဲ့ နေ့တွေမှာ baobing လို့ခေါ်တဲ့ အချိုပွဲဖန်တီးတဲ့အခါမှာ ရေခဲနဲ့ သစ်သီးတွေကို ရောစပ်ပြီးပြုလုပ်ရာကနေ ပထမဆုံး ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် အစိုးရအရာရှိတွေက ရေခဲနဲ့ ပဲနှစ်ချိုချိုလေး ဒါမှမဟုတ် သစ်သီးတွေကို ရောစပ်ပြီး စားရတာကို နှစ်သက်လာတာကြောင့် တဖြည်းဖြည်းနဲ့ ဒီအချိုပွဲဟာ ပြည်သူတွေကြားမှာမှာလည်း ရေပန်းစားလာခဲ့ပါ။

အစတုန်းက ထုချေထားတဲ့ ရေခဲကို အသုံးပြုခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ ပိုမိုနူးညံအောင် ရေခဲကိုခြစ်ပြီး အသုံးပြုလာခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ bingsu ကို နွေရာသီတင်မဟုတ်ဘဲ ပူအိုက်လာတဲ့အချိန်မှာလဲ မကြာခဏ စားသုံးလေ့ရှိပါတယ်။

လူကြိုက်အများဆုံး bingsu အမျိုးအစားများ
Pat bingsu (팟빙수)
သက်တမ်းအကြာဆုံး၊ လူကြိုက်အများဆုံး၊ ဂန္ထဝင်အဖြစ်ဆုံး bingsu ကတော့ ပဲနီလေးအနှစ် (팟, pat) နဲ့ ပြုလုပ်ထားတဲ့ pat bingsu ဘဲ ဖြစ်ပါတယ်။ Pat bingsu ကို ကိုရိးယားဆန်မုန့်တွေနဲ့ အလှဆင်ထားလေ့ရှိပြီး အတူတူတွဲစားတဲ့အခါမှာလဲ ထူးခြားတဲ့အရသာကို ဖန်တီးပေးပါတယ်။

သရက်သီး bingsu (망고 빙수)
Mango bingsu ကတော့ နာမည်အတိုင်း သရက်သီးနဲ့ ပြုလုပ်ထားတဲ့ အမျိုးအစားဖြစ်ပါတယ်။ သရက်သီးအတုံးတွေရယ် သရက်သီးအနှစ်ရည်တို့နဲ့ ရောထားတဲ့ ဒီရေခဲခြစ်ကတော့ pat binsu နည်းတူ လူကြိုက်အများဆုံး ဖြစ်ပါတယ်။

Tiramisu bingsu (티라미수 빙수)
Tiramisu bingsu ကတော့ အရသာရှိတဲ့ tiramisu ခရင်မ် ဒါမှမဟုတ် ချိစ်ကိတ်တုံးလေးတွေ ပါတင်တဲ့ bingsu ဖြစ်ပါတယ်။ ဒါပေမဲ့ အီတလီ tiramisu လို အရသာတစ်ပုံစံတည်း မတူနိုင်ပေမယ့် ကိုရီးယားဆန်န် ပြန်လည်ဖန်တီးပြီး ယဉ်ကျေးမှုနှစ်ခုကို ပေါင်းစပ်ထားတဲ့ အချိုပွဲလို့ ပြောလို့ရပါတယ်။

Choco bingsu (초코빙수)
နာမည်ထဲကအတိုင်း choco bingsu ကတော့ ချောကလက် နဲ့ တွဲဖက်ပြုလုပ်ထားတာ ဖြစ်ပြီး ချောကလက်ရည် ဒါမှမဟုတ် ချောကလက်ချစ်ပ်လေးတွေနဲ့ အလှဆင်ထားလေ့ရှိပါတယ်။

ddalgi bingsu (딸기 빙수)
ddalgi bingsu ကတော့ စတော်ဘယ်ရီ bingsu ( ကိုရီးယားလို ddalgi ) ဖြစ်ပါတယ်။ စတော်ဘယ်ရီဟာ ကိုရီးယားမှာ လူကြိုက်များတဲ့ အသီးတစ်မျိုးဖြစ်တာကြောင့် စတော်ဘယ်ရီ toppimg နဲ့ bingsu ကလဲ အစားအများဆုံးထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီ bingsu မှာပါတဲ့ စတော်ဘယ်ရီသီးတွေက အခဲခံထားတာကြောင့် အသီးအနှံ လတ်လတ်ဆတ်ဆတ်တွေနဲ့ စားချင်တဲ့သူတွေနဲ့တော့ အဆင်မပြေပါဘူး။

Nokcha bingsu (녹차빙수)
ကိုရီးယားလူမျိုးတွေဟာ green tea ကိုလဲ နှစ်သက်တာကြောင့် nokcha bingsu လို့ခေါ်တဲ့ green tea bingsu မပါမဖြစ် ဖြစ်ပါတယ်။ Green tea နဲ့ ပြုလုပ်ထားတာကြောင့် ရေခဲတွေ အရည်ပျော်သသွားရင် ‌ရေခဲခြစ်အရောင်က အဖြူရောင်မဟုတ်ဘဲ အစိမ်းရောင် ဖြစ်နေတတ်ပါတယ်။ ဒါ့အပြင် လက်ဖက်စိမ်းရေခဲမုန့်၊ ဆန်ကိတ်နဲ့ ပဲနီလေးစေ့တို့နဲ့လဲ အလှဆင်ထားလေ့ရှိပါတယ်။

#bingsu #food #korea #myanmar #myangoal #ice #summer #hotday


Latest