Apple Reference Image နည်းပညာ

iPhone 18 Pro မော်ဒယ်တွေမှာ ဓာတ်ပုံတစ်ပုံဟာ AI နဲ့ ဖန်တီးထားတာ မဟုတ်ဘဲ iPhone ရဲ့ Camera နဲ့ အမှန်တကယ် ရိုက်ကူးထားကြောင်း စစ်ဆေးပေးနိုင်တဲ့ Apple Reference Image ဆိုတဲ့ စနစ် ပါဝင်လာပါတယ်။ Apple ကတော့ ဒီစနစ်ကို ဒီဂျစ်တယ် ဖလင်ကွက်နဲ့ ပုံခိုင်းထားပြီး တိကျတဲ့ ဓာတ်ပုံအထောက်အထား သက်သေအဖြစ် သတ်မှတ်ထားပါတယ်။

ဒီစနစ်ဟာ ဓာတ်ပုံရိုက်လိုက်တာနဲ့ Camera ရဲ့ Sensor ကို သီးသန့် အထူး Mode ထဲ ပြောင်းပေးလိုက်တာပါ။ ဓာတ်ပုံရိုက်ပြီးတာနဲ့ အချက်အလက်တွေကို Software က မပြင်ခင် ရိုက်ကူးလိုက်တဲ့ စက္ကန့်မှာတင် ဒီဂျစ်တယ် သင်္ကေတ လှို့ဝှက်ချက်နဲ့ ချက်ချင်း ပိတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။ အခြား စနစ်တွေလို Software ပြင်ဆင်မှု ပြီးမှ လျှို့ဝှက်စနစ် ထည့်တာမဟုတ်လို့ ကြားထဲကနေ ပြင်ဆင်ဖျက်ဆီးတာမျိုး မလုပ်နိုင်အောင် ကာကွယ်ပေးထားပါတယ်။

ပုံမှန် ပြင်ဆင်လို့ရတဲ့ ဓာတ်ပုံအပြင် လုံခြုံမှုရှိတဲ့ “ဒီဂျစ်တယ် ဖလင်အစိမ်း” ကိုလည်း ဖုန်းထဲမှာ သီးသန့် သိမ်းပေးထားပါတယ်။ ဒီဖလင်ကို အတည်ပြု စစ်ဆေးချင်တဲ့အခါမှ မပြုပြင်ရသေးတဲ့ ဒေတာအတိုင်း Apple ရဲ့ Private Cloud Compute စနစ်ဆီ ပို့ပေးပြီး လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်မှာမှ ပုံဖော်ပေးတာပါ။

ဒီ စနစ်ဟာ ဟက်ကာတွေ၊ Software တိုက်ခိုက်မှုတွေနဲ့ တိုက်ခိုက်တာကို ခံနိုင်ရည်ရှိအောင် ပြုလုပ်ထားပြီး Quantum နည်းပညာနဲ့ တိုက်ခိုက်ရင်တောင် ကာကွယ်နိုင်တဲ့ ဒစ်ဂျစ်တယ် အထောက်အထား စနစ် ဖြစ်ပါတယ်။ အကယ်၍ မရိုးမသား ပြုလုပ်ထားတာ စစ်ဆေးတွေ့ရှိရင်လည်း သက်ဆိုင်ရာ ဓာတ်ပုံ နဲ့ Sensor တစ်ခုလုံးရဲ့ အတည်ပြုချက်ကို Apple က ပြန်ရုပ်သိမ်းပိုင်ခွင့် ရှိပါတယ်။

ဓာတ်ပုံရိုက်ကူးသူရဲ့ လုံခြုံရေးအတွက်လည်း အများပြည်သူ သိရှိနိုင်တဲ့ ကိုယ်ရေးအချက်အလက်တွေကို ထုတ်မပြထားသလို၊ ဖုန်းတစ်လုံးတည်း Sensor တစ်ခုတည်း က ရိုက်ထားတဲ့ ပုံတွေကိုလည်း ချိတ်ဆက်ကြည့်ရှုလို့ မရအောင် တားဆီးပေးထားပါတယ်။ 

Apple အနေနဲ့တောင် ဒီဓာတ်ပုံတွေကို လျှို့ဝှက် ကြည့်ရှုနိုင်မှာ မဟုတ်ပါဘူး။ ဒီ Feature ကိုတော့ မိမိစိတ်ကြိုက် ဖွင့်/ပိတ် လုပ်နိုင်မှာ ဖြစ်ပြီး Main Camera တစ်ခုတည်းမှာပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။


Latest