Your cart is currently empty!
အသားအရေထိန်းသိမ်းမှု လောကမှာ ကိုရီးယားအလှကုန်ပစ္စည်းတွေဟာ သူတို့ရဲ့ ဆန်းသစ်တဲ့ ဖော်မြူလာတွေ ထူးထူးခြားခြား ရလဒ်ကောင်းတွေကြောင့် လူသိများပါတယ်။ ရေဓာတ်နဲ့ အာဟာရဓာတ်ကို အဓိကထား ပြုလုပ်ကြပြီး အသားအရေ ခြောက်သွေ့ခြင်း စတဲ့ အရေပြားဆိုင်ရာ ပြဿနာအမျိုးမျိုးကို ဖြေရှင်းပေးတာကြောင့်လဲ လူသိများလာတဲ့ ထုတ်ကုန်ွ ဖြစ်ပါတယ်။
တကယ်လို့ သင်က အသားအရေတွေ ခြောက်သွေ့ပြီး ဘယ်လိုဖြေရှင်းရမလဲ ခေါင်းရှုပ်နေရင်တော့ ယခုပြောပြသွားမယ့် Korean facial moisturizers တွေဟာ သင့်ရဲ့ လိုအပ်ချက်တွေနဲ့ အံဝင်ခွင်ကျ ရှိမရှိသိရအောင် အခုဖတ်ကြည့်လိုက်ပါ။
1. Some By Mi Beta Panthenol Repair Cream
ဒီ cream မှာပါတဲ့ အစွမ်းထက် Beta Sitosterol, Panthenol, Peptides နဲ့ Squalane တို့ ရောစပ်ထားတာကြောင့် ပျက်စီးနေတဲ့ အသားအရေကို နက်ရှိုင်းစွာ အာဟာရဖြည့်ပေးပါတယ်။ ဒီ ultra-hydrating cream ဟာ အရေပြားရဲ့ pH ဟန်ချက်ညီအောင် ကူညီပေးပြီး သဘာဝအတိုင်း အရေပြားရဲ့ခုခံအားကို အားကောင်းစေကာ၊ အစိုဓာတ်ကို ဖြည့်တင်းပေးပြီး အသားအရေကို နူးညံ့ချောမွေ လာစေပါတယ်။
2. Isntree Hyaluronic Acid Moist Cream
hyaluronic acids အမျိုးအစားငါးမျိုးနဲ့ ပေါင်းစပ်ဖော်စပ်ထားတာကြောင့် ဒီ cream ဟာ ခြောက်သွေ့ပြီး ရေဓာတ်ခန်းနေတဲ့ အသားအရေကို နက်ရှိုင်းစွာ ရေဓာတ်ဖြည့်ပေးကာ တင်းရင်းစေပြီး နုပျိုစေပါတယ်။ safflower၊ apricot kernel နဲ့ argan စတဲ့ အဆီတွေကို ပေါင်းထည့်ထားတာကြောင့် အသားအရေကို အာဟာရဖြည့်ပေးပြီး နူးညံ့စေကာ သဘာဝအတိုင်း တောက်ပမှုကို ပြန်လည်ရရှိစေပါတယ်။ သာမာန် ခြောက်သွေ့ပြီး ထိခိုက်လွယ်တဲ့ အသားအရေအမျိုးအစားတွေအတွက် ဒီ moisturizer ဟာ အစိုဓာတ်ကို ထိရောက်စွာ ထိန်းညှိပေးပြီး အသားအရေကို ပျော့ပျောင်းစေပါတယ်။
3. Anua Peach 77% Niacin Enriched Cream
စေးကပ်မှုမရှိဘဲ အစိုဓာတ်ကို ကောင်းကောင်းရအောင် ဒီဇိုင်းထုတ်ထားပြီး ဒီ cream ကို gel type ထုတ်လုပ်ထားတာကြောင့် အရေပြားပေါ်ကို လွယ်ကူစွာ စိမ့်ဝင်နိုင်ပါတယ်။ 77% Peach Extract, Ceramide, Collagen နဲ့ Panthenol တို့ပါဝင်တာကြောင့်လဲ အသားအရေတင်းရင်းစေပြီး အစိုဓာတ်ကိုဖြည့်တင်းပေးပါတယ်။ ကောင်းမွန်တဲ့ ပါဝင်ပစ္စည်းတွေ ကြွယ်ဝစွာ ထည့်သွင်းရောစပ်ထားတာကြောင့် ခြောက်သွေ့တဲ့ အသားအရေကို ပြန်လည်အားဖြည့်ပေးပြီး ရေဓာတ်ကို ဖြည့်တင်းပေးကာ ကြည်လင်တောက်ပနေစေပါတယ်။ အရေပြားအမျိုးအစားအားလုံးအတွက် သင့်လျော်ပြီး ထိရောက်တဲ့ အသားအရေထိန်းသိမ်းမှုအတွေ့အကြုံကို ရရှိစေပါတယ်။
4. Round Lab 1025 Dokdo Cream
ဒီ daily cream ဟာ အစိုဓာတ်ကို ဖြည့်တင်းပေးပြီး အရေပြားကို သဘာဝအတိုင်း အားကောင်းစေဖို့ ဒီဇိုင်းထုတ်ထားပြီး အသားအရေကို နူးညံ့ချောမွေ့စေပါတယ်။ Ulleungdo ကျွန်းမှ သတ္တုဓာတ်ကြွယ်ဝသော ပင်လယ်ရေနဲ့ ပေါင်းစပ်ထားပြီး ဒီ cream ကို အခြောက်သွေ့ဆုံးနနဲ့ အထိခိုက်မခံနိုင်ဆုံး အသားအရေ အမျိုးအစားတွေ အတွက်ကိုတောင် ရေဓာတ်ကို ဖြည့်တင်းပေးနိုင်ပါတယ်။ Ceramides အမျိုးအစား 5 မျိုး ရောစပ်ထားတာကြောင့် ဒီ moisturizer ဟာ အရေပြားကို ခံနိုင်ရည်ရှိစေပြီး energy ပြည့်စေပါတယ် ။ ကြံမှထုတ်လုပ်ထားတဲ့ အနှစ်ရဲ့ ပေါင်းစပ်ပါဝင်မှုကြောင့် အရေပြား ကြမ်းတမ်းမှုကို ချောမွေ့စေပြီး ဝက်ခြံထွက်ခြင်းကို လျှော့ချပေးပါတယ်။
5. Ma:nyo Bifida Biome Aqua Barrier Cream
ဒီ cream မှာ ထူးခြားတဲ့ လိုက်လျောညီထွေရှိမှု၊ ရနံ့ကင်းတဲ့ ဖော်မြူလာနဲ့ ယားယံခြင်းမရှိတာကြောင့် ထိခိုက်လွယ်တဲ့ အသားအရေအမျိုးအစားတွေအတွက်ပါ သုံးနိုင်ပါတယ်။ Bifida Enzyme နဲ့ Liposome Microcapsules တို့ရဲ့ အစွမ်းထက်တဲ့ ရောစပ်မှုကြောင့် အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်ပြီး အရေပြားကို သဘာဝအတိုင်း အားကောင်းစေကာ ကျန်းမာသန်စွမ်းတဲ့ အသားအရေကို ဖန်တီးပေးနိုင်ပါတယ်။ Centella Asiatica Extract နှင့် Chrysanthemum တို့ ကြွယ်ဝစွာပါဝင်ပြီး အသားအရည်ကို အာဟာရဖြည့်တင်းပေးပြီး နုပျိုလန်းဆန်းစေပါတယ်။
6. I’m From Rice Cream
I’m From Rice Cream ကတော့ ဆန်ဖွဲနု ceramide 41% ပါ၀င်တဲ့ vegan moisturizing cream ဖြစ်ပါတယ်။ ဖွဲနုမှထုတ်ထားပြီး ပေါင်းခံထားတဲ့ ceramides ပါ၀င်တာကြောင့် ဒီ cream ဟာ အရေပြားကို အားကောင်းစေပြီး အသားအရေကို နူးညံ့ချောမွေ့စေပါတယ်။ သူရဲ့ creamy texture နဲ့ silky finish ကြောင့် အဆီပြန်ခြင်းမရှိဘဲ အရေပြားရဲ့ texture ကို တိုးတက်ကောင်းမွန်စေပါတယ်။ သတ္တုဓာတ်နှင့် ဗီတာမင်ဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး အာဟာရပြည့်ဝတဲ့ မျက်နှာလိမ်း cream ကြောင့် အသားအရေကို ပိုမိုကောင်းမွန်စေပြီး ခံနိုင်ရည်လဲရှိစေပါတယ်။
7. Torriden DIVE-IN Low Molecular Hyaluronic Acid Cream
Torriden DIVE-IN Low Molecular Hyaluronic Acid Cream ကတော့ vegan product ဖြစ်ပြီးမော်လီကျူးအလေးချိန်နည်းတဲ့ hyaluronic acid ကြောင့် အသားအရေကို ချောမွေ့စေတဲ့ moisturizing cream ဖြစ်ပြီး အရေပြားကို နက်ရှိုင်းစွာ ရေဓာတ်ဖြည့်ပေးတဲ့အတွက် အသားအရေရဲ့ ရေဓာတ် ဆုံးရှုံးခြင်းမှ ကာကွယ်ပေးပါတယ်။ ဒီ soothing cream ရဲ့ပျော့ပျောင်းတဲ့ hypoallergenic ဖော်မြူလာကြောင့် ချောမွေ့ပြီး အသားအရေကို ကြာရှည်စွာ ရေဓာတ်ကို ထိန်းပေးပါတယ်။ အေးမြပေါ့ပါးသော water gel texture ဖြစ်ပြီး အရေပြားထဲသို့ လျင်မြန်စွာ စိမ့်ဝင်နိုင်ပြီး ထိရောက်တဲ့ ရေဓာတ်ကို ပေးစွမ်းတာကြောင့် လန်းဆန်းစေပြီး စေးကပ်မှုလဲ ကင်းပါတယ်။
8. Beauty Of Joseon Dynasty Cream
Beauty Of Joseon Dynasty Cream ကတော့ ကိုရီးယားရိုးရာ ဆေးဖက်ဝင်အပင်တွေနဲ့ ပြုလုပ်ထားတာကြောင့် သာယာကြည်နူးဖွယ်အတွေ့အကြုံကို ရရှိနိုင်ပြီး အသားအရေကို ချောမွေ့တောက်ပစေပါတယ်။ ဒီ all-in-one cream ကို ဆန်ဖွဲရေ၊ ဂျင်ဆင်းရေ၊ squalane နှင့် niacinamide တို့လိုမျိုး အသားအရေကို ကောင်းမွန်စေတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားပါတယ်။ တ
အထူးသဖြင့် ပြင်းထန်သောဆောင်းရာသီတွေမှာ ဒီ cream ရဲ့ texture ဟာ ခြောက်သွေ့ပြီး ထိခိုက်လွယ်တဲ့ အသားအရေများအတွက်လဲ သင့်လျော်ပါတယ်။
#moisturizer #korea #kbeauty #cosmetic #skincare #myanmar #MyanGoal







Leave a Reply
You must be logged in to post a comment.