Your cart is currently empty!
ဆောင်းရာသီ ရောက်လာတာနဲ့အမျှ အပူချိန်ကျဆင်းမှုတွေကြောင့် သာမန်အအေးမိ၊ တုပ်ကွေးနဲ့ တခြားရာသီအလိုက် ဝေဒနာတွေကို အနည်းနဲ့အများ ဖြစ်တတ်ပါတယ်။ ။ ဒီတခါမှာတော့ ကိုရီးယားဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများကို ထိရောက်စွာ အသုံးပြုရမလဲဆိုတာကို နားလည် သဘောပေါက်စေဖို့အတွက် ကိုရီးယားနိုင်ငံသွားဖို့ပြင်ဆင်နေတဲ့ လူတွေကို လက်တို့ပြီးတော့ ပြောပါဦးမယ်။
Korean Healthcare အကြောင်း
တောင်ကိုရီးယားနိုင်ငံဟာ ခေတ်မီစက်ကိရိယာများနဲ့ ကျွမ်းကျင်ပညာရှင်တွေကြောင့် အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ကောင်းမွန်စွာ ကုသမှုခံယူနိုင်ပါတယ်။ EPS နဲ့ အလုပ်ဘဲ လုပ်လုပ်၊ ကိုရီးယားမှာ ကျောင်းဘဲတက်တက် အမျိုးသားကျန်းမာရေး အာမခံဝန်ဆောင်မှု (NHIS) တွင် စာရင်းသွင်းထားရင်တော့ ကိုရီးယားလူမျိုးတွေလိုမျိုး ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိနိုင်မှာဘဲဖြစ်ပါတယ်။ NHIS မှာ စာရင်းမသွင်းထားရင်လဲ ဆေးကုသမှုကို ဆက်လက်ခံယူနိုင်ပေမယ့် ကုန်ကျစရိတ် ပိုမိုများပြားနိုင်ပါတယ်။
အမျိုးသားကျန်းမာရေးအာမခံအတွက် register ပြုလုပ်ခြင်း
ကိုယ်က EPS အလုပ်သမား သို့မဟုတ် ကျောင်းသားဖြစ်ရင်တော့ NHIS မှာ register လုပ်လို့ရပါပြီ။ မှတ်ပုံတင်ဖို့ကို အနီးဆုံး NHIS ရုံး သို့မဟုတ် အွန်လိုင်းတွင် ပြုလုပ်နိုင်ပါတယ်။ မှတ်ပုံတင်ပြီးတာနဲ့ ဆေးခန်းပြဖို့ သွားရမယ့်အချိန်တိုင်း အမြဲ ယူဆောင်သွားရမယ့် ကျန်းမာရေးအာမခံကတ်ကို ရရှိမှာဖြစ်ပါတယ်။
ဆေးရုံ သို့မဟုတ် ဆေးခန်းကို ဘယ်ဟာရွေးချယ်သင့်သလဲ?
အအေးမိခြင်း ဒါမှဟုတ် တုပ်ကွေးလိုမျိုး အသေးစား ရောဂါတွေအတွက်၊ ဒေသဆိုင်ရာဆေးခန်းများ (의원၊ uiwon) တွေကို ရွေးချယ်တာ အကောင်းဆုံးဖြစ်ပါတယ်။
ပိုမိုပြင်းထန်တဲ့ အခြေအနေတွေအတွက်၊ အထွေထွေဆေးရုံများ (병원၊ byeongwon) ကတေ့စောင့်ရှောက်မှု ပြည့်ပြည့်စုံစုံ ပေးနိုင်ပါတယ်။
အနီးနားရှိ ဆေးရုံ၊ ဆေးခန်း တွေကိုလဲ “KakaoMap” သို့မဟုတ် “Naver” ကဲ့သို့သော အက်ပ်များကို အသုံးပြုပြီး ရှာဖွေနိုင်ပါတယ်။
ဘာသာစကားအခက်အခဲ
မြို့ပြမှာရှိတဲ့ ဆရာဝန်အများစုကတော့ အင်္ဂလိပ်စကားကို ပြောဆိုနိုင်ကြပေမယ့် ကျေးလက်ဒေသတွေမှာတော့ အခက်အခဲရှိနိုင်ပါတယ်။
ဆေးရုံမှတစ်ဆင့် စကားပြန်တစ်ဦးကို တောင်းဆိုနိုင်ပြီး ဒါှမှဟုတ် ဘာသာပြန်အက်ပ်ေတွကိုလဲ အသုံးပြုနိုင်ပါသေးတယ်။
1339 Medical Hotline ကလဲ အင်္ဂလိပ်၊ တရုတ်နှင့် ဂျပန်ဘာသာတို့ဖြင့်လဲ ဆက်သွယ်နိုင်ပါတယ်။
Appointment ပြုလုပ်ခြင်း
Appointment ကို ဖုန်းဖြင့်ဖြစ်စေ၊ အွန်လိုင်း သို့မဟုတ် လမ်းလျှောက်ပြီး ကိုယ်တိုင် သွားပြီးဖြစ်စေ ပြုလုပ်နိုင်ပါတယ်။ Passport မှာပါတဲ့ အသေးစိတ်အချက်အလက်များကို ပေးပြီး ခံစားနေရတဲ့ ရောဂါလက္ခဏာများကို သေချာ ပြောပြပါ ဒါမှ ဘယ်လိုမျိုး ကုသမှုခံယူသင့်လဲဆိုတာ အကောင်းမွန်ဆုံး အကြံပေးနိုင်မှာဖြစ်ပါတယ်။
အရေးပေါ်ဝန်ဆောင်မှုများ
အရေးပေါ်အခြေအနေများအတွက် 119 ကိုခေါ်ဆိုနိုင်ပါတယ်။ အော်ပရေတာတွေက များသောအားဖြင့် အင်္ဂလိပ်လိုပြောကြပါတယ်။
အရေးပေါ်ခန်းများကိုလဲ ဆေးရုံများတွင် 24/7 ဖွင့်လှစ်ထားပါတယ်။
ကိုရီးယားမှာ ကျောင်းသွားတက်ဖို့ဘဲဖြစ်ဖြစ်၊ အလည်ဘဲ သွားသွား၊ အလုပ်ဘဲသွား လုပ်လုပ် သူတို့နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအကြောင်းကို တီးမိခေါက်မိ ရှိလောက်ပြီ ထင်ပါတယ်။
#healthcare #korea #clinic #hospital #korea #Myanmar #MyanGoal
Leave a Reply
You must be logged in to post a comment.