Your cart is currently empty!
အစိုဓာတ်ထိန်းပေးတယ်ဆိုတာကလဲ ဝက်ခြံနဲ့ အဆီပြန်တဲ့ အသားအရေရှိသူတွေအတွက် အခြေခံကျတဲ့ အသားအရေ ထိနိးသိမ်းမှု အဆင့်တခုဖြစ်ပါတယ်။ မှန်ကန်တဲ့ ထုတ်ကုန်ကို ရွေးမှလဲ သော အသားအရေကို ကျန်းမာအောင် မြှင့်တင်နိုင်ပြီး ရေဓာတ်နဲ့ အဆီတို့ကို ထိန်းခြင်းကြား ဟန်ချက်ညီအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဆိုတော့ ဒီနေ့မှာတော့ အဆီပြန်တတ်တဲ့သူတွေ၊ ဝက်ခြံထွက်တဲ့သူတွေ အတွက် ဝက်ခြံနဲ့ အဆီပြန်တဲ့ အသားအရေတွေအတွက် အကောင်းဆုံးကိုရီးယား Moisturizers တွေကို ပြောပြပေးလိုက်ပါတယ်။ ကိုယ်က အဲ့လိုမျိုး skin type ဆိုရင်တော့ ဆက်ပြီးတော့ ဖတ်ကြည့်ကြည့်လိုက်ပါ။
Some By Mi AHA BHA PHA 30 Days Miracle Cream
ဒီဆန်းသစ်တီထွင်ထားတဲ့ ခရင်မ်မှာ alpha-hydroxy acids(AHA), beta-hydroxy acids (BHA) နဲ့ poly-hydroxy acids (PHA) တို့ကို ပေါင်းစပ်ထားတာကြောင့် အသားအရေကို ညင်သာစွာ သန့်စင်ပေးပြီး တောက်ပသော အသားအရေကို အသစ်တဖန် ဖြစ်ပေါ်စေပါတယ်။ ထူးခြားတဲ့ triple exfoliating ရဲ့ လုပ်ဆောင်မှုကြောင့် အရေပြားဆဲလ်သေများကို ဖယ်ထုတ်ပေးတဲ့အပြင် ချွေးပေါက်တွေကိုလဲ ကျဥ်းစေပြီး အသားအရေရဲ့ အသွင်အပြင်ကို ပြန်လည်ကောင်းမွန်စေပါတယ်။ ဝက်ခြံပေါက်တတ်တဲ့ အသားအရေကို အဓိကထား ထုတ်လုပ်ထားတာကြောင့် ဝက်ခြံထွက်တာကိုလဲ လျှော့ချပေးပါတယ်။ အမာရွတ်ကျန်တာကိုလဲ လျော့ချပေးပြီး အသားအရေတခုလုံး ကြည်လင်လာစေပါတယ်။ ဒါ့အပြင် အမည်းစက်တွေကို ပျောက်ကင်းစေပြီး အသားအရောင်ညီညာအောင်လဲ ပြုလုပ်ပေးတဲ့အတွက် ပိုမိုတောက်ပတဲ့ အသားအရေကို ရရှိစေပါတယ်။
Klairs Midnight Blue Calming Cream
Guaiazulene ရဲ့ အစွမ်းထက်တဲ့ ဂုဏ်သတ္တိတွေကြောင့် နီရဲခြင်းနဲ့ ရောင်ရမ်းမှုကိုလဲ ထိရောက်စွာ လျှော့ချပေးတာကြောင့် ပိုမိုညီညာတဲ့ အသားအရေကို ရရှိစေပါတယ်။ အဆီပြန်ခြင်းမရှိ၊ ပေါ့ပါးသော texture ကြောင့်၊ အသားအရေကို ချောမွေ့ လန်းဆန်းစေပြီး အားဖြည့်ပေးပါတယ်။
Purito Centella Unscented Recovery Cream
Centella Asiatica မှာပါတဲ့ ဂုဏ်သတ္တိတွေကြောင့် နီရဲခြင်းတွေကို သက်သာစေပြီး အသားအရေကို သဘာဝအတိုင်း ပြန်လည်ကောင်းမွန်လာစေပြီး ချွေးပေါက်ပိတ်တာတွေ မရှိဘဲ လိုအပ်တဲ့ အစိုဓာတ်ကို ပေးစွမ်းတာကြောင့် အသားအရေကို နူးညံ့စိုပြေစေပြီး တောက်ပကျန်းမာစေပါတယ်။ ဒီ cream ရဲ့ Texture ဟာ နေ့တိုင်းအသုံးပြုဖို့လဲ အဆင်ပြေပြီး အသားအရေကို သဘာဝအတိုင်း ပိုမိုကျန်းမာလာစေပါတယ်။
Pyunkang Yul Moisture Cream
ရိုးရှင်းတဲ့ဖော်မြူလာကြောင့် တခြားမလိုအပ်တဲ့ ပါဝင်ပစ္စည်းတွေ မသုံးဘဲ ရေဓာတ်ဖြည့်တင်းပေးဖို့ကို အဓိကထား ထုတ်လုပ်ထားတာ ဖြစ်ပြီး နေ့တိုင်းအသုံးပြုဖို့အတွက်လဲ ရွေးချယ်လို့ရပါတယ်။ ဒီ cream ရဲ့ texture က နူးညံ့ပေါ့ပါးပြီး ရေဓာတ်ကို နက်ရှိုင်းစွာ ဖြည့်တင်းပေးတာကြောင့် ချောမွေ့တဲ့အသားအရေကို ရရှိစေပါတယ်။
Benton Aloe Propolis Soothing Gel
ပျားသလပ်နဲ့ ရှားစောင်းလက်ပတ်တို့ရဲ့ အစွမ်းထက်တဲ့ ပေါင်းစပ်မှုကြောင့် ဒီ Gel ကတော့ အသားအရေအမျိုးအစားအားလုံးအတွက် သင့်လျော်ပါတယ်။ ပျားသလပ်ရဲ့ ဘက်တီးရီးယားပိုးတွေကို ဖယ်ရှားပေးပြီး ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေကြောင့် ကျန်းမာတဲ့ အသားအရေဖြစ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ ပေါ့ပါးပြီး စေးကပ်မှုမရှိတဲ့ ဖော်မြူလာကြောင့် လိမ်းလို့အဆင်ပြေတဲ့အပြင် အရေပြားအတွင်းကိုလဲ လျင်မြန်စွာ စိမ့်ဝင်ပါတယ်။
Cosrx Oil-Free Ultra-Moisturizing Lotion
Lotion ရဲ့အဆီမပါတဲ့ဖော်မြူလာကြောင့် အဆီပြန်တတ်တဲ့ အသားအရေ ရှိတဲ့သူတွေအတွက် ရေဓာတ်ကို အပြည့်အ၀ ဖြည့်တင်းပေးတာကြောင့် Oily Skin သမားတွေအတွက် ရွေးချယ်မှုတခုဖြစ်ပါတယ်။ ဒီ lotion ရဲ့ ပေါ့ပါးတဲ့ texture ကြောင့် အသားအရေထဲကို လျင်မြန်စွာ စိမ့်ဝင်နိုင်ပြီး စေးကပ်မှု ဒါမှမဟုတ် မျက်နှာမှာ အဆီလြ မကျန်ခဲ့တာကြောင့် နေ့တိုင်းအသားအရေထိန်းသိမ်းချင်ရင်လဲ အသုံးပြုလို့ကောင်းပါတယ်။
Round Lab Birch Juice Moisturizing Cream
birch (သစ်မာသီး) အပင်ကရတဲ့ အရည်ကို အသုံးပြုထားတာကြောင့် မျက်နှာကို ပြန်လည်အားဖြည့်ပေးပြီး အသားအရေကို ကြည်လင်တောက်ပစေပါတယ်။ antioxidant နဲ့ ရေဓာတ်ဖြည့်တင်းပေးတဲ့ ဂုဏ်သတ္တိတွေကြောင့် လူသိများပြီး အဆိပ်အတောက်တွေကိုလဲ ဖယ်ရှားပေးတာကြောင့် ပိုမိုကြည်လင်တောက်ပတဲ့ အသားအရေကို ရရှိစေပါတယ်။
Anua Heartleaf 70% Daily Lotion
Heartleaf Extract ကြောင့် နက်ရှိုင်းစွာ ရေဓာတ်ဖြည့်ပေးတဲ့ ဒီ lotion ဟာ အသားအရေကို အစိုဓာတ်ဖြည့်တင်းပေးပြီး လန်းဆန်းတက်ကြွမှုကို ခံစားရစေပါတယ်။ Heartleaf Extract ရဲ့ နူးညံ့သိမ်မွေ့တဲ့ ဂုဏ်သတ္တိကြောင့် ယားယံတတ်တဲ့ အသားအရေတွေအတွက် အဆင်ပြေတာမလို့ လူသိများပါတယ်။ နေ့စဥ်ပုံမှန်အသုံးပြုရင်လဲ ဒီ lotion ဟာ အရေပြားကို ပျော့ပျောင်းပြီး အားကောင်းစေတဲ့အပြင် အသားအရောင်ကို ဟန်ချက်အောင် ပြုလုပ်ပေးပြီး ကျန်းမာပြီး ပိုမိုတောက်ပတဲ့ အသားအရေကို ရရှိစေပါတယ်။
I’m From Vitamin-Tree Water Gel
ဒီ Water Gel ရဲ့ဖော်မြူလာမှာ Vitamin Tree Leaf Water 68% ပါဝင်ပြီး အစိုဓာတ်ကို နက်ရှိုင်းစွာ ဖြည့်တင်းပေးတာကြောင့် အသားအရေကို ရေဓာတ်ဖြည့်တင်းပေးကာ အရွယ်တင် နုပျိုစေပါတယ်။
Berry, Rose of Jericho နှင့် Snow Lotus extract တို့လိုမျိုး ဗီတာမင်ဓာတ်ကြွယ်ဝတဲ့ ပစ္စည်းတွေကြောင့် အသားအရေရဲ့ ရေဓာတ်နဲ့ အဆီပမာဏကို ညီညာစေပြီး ကြည်လင်တောက်ပတဲ့ အသားအရေကို ရရှိစေပါတယ်။
#acne #oilyskin #korea #myanmar #beauty #moisturizer #myangoal #skincare







Leave a Reply
You must be logged in to post a comment.