အသားအရေထိန်းသိမ်းတဲ့ ထုတ်ကုန်တွေမှာ ပါတဲ့ Niacinamide ဆိုတာ ဘာလဲ ?
ချွေးပေါက်ကျယ်တာတွေ၊ အသားအရည်မညီတာတွေ ဒါမှမဟုတ် မျက်နှာလိုင်း မကောင်းတာတွေ ခံစားနေရရင်တော့ Niacinamide ပါတဲ့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေကို သုံးသင့်ပါတယ်။
ဒါဆိုရင် Niacinamide အတိအကျက ဘာလဲ။
Niacinamide ကတော့ vitamin B3 တစ်မျိုးဖြစ်ပြီး nicotinamide လို့လဲ ခေါ်ကြပါသေးတယ်။ ဒီ vitamin B3 မှာ niacin (nicotinic acid) လို့ခေါ်တဲ့ နောက်ထပ် ပုံစံတစ်မျိုးလဲ ရှိပါသေးတယ်။ Niacinamide ဟာ ခန္ဓာကိုယ်ထဲက ဆဲလ်တွေအတွက် ဖွံ့ဖြိုးတိုးတက်ဖို့ မရှိမဖြစ် လိုအပ်တဲ့ အာဟာရတစ်ခု ဖြစ်ပါတယ်။
Niacinamide ကတော့ niacin ဒါမှမဟုတ် vitamin B3 ရဲ့ ရေမှာ ပျော်ဝင်နိုင်သော ဒြပ်ပေါင်းပုံစံဖြစ်ပြီး ခန္ဓာကိုယ်ဟာ niacin ကို nicotinamide အဖြစ်ကို ပြောင်းလဲပေးနိုင်ပါတယ်။ Niacinamide ကို B-complex ဖြည့်စွက်စာတွေဖြစ်တဲ့ ငါး၊ အသား၊ နို့၊ တဆေး၊ ဥ၊ ပဲ၊ ဟင်းသီးဟင်းရွက်နဲ့ အစေ့အဆန်တို့လို အစားအစာတွေမှာ တွေ့ရလေ့ရှိပါတယ်။
အရေပြားထဲကို အလွယ်တကူ စိမ့်ဝင်နိုင်ပြီး ဝက်ခြံ၊ နှင်းခူနဲ့ တခြား အရေပြား အခြေအနေတွေတွက် လိမ်းတဲ့အခါမှာလဲ အသုံးပြုနိုင်ပါတယ်။ ဆီးချိုရောဂါ၊ ခံတွင်းကင်ဆာ၊ အရိုးအဆစ်ရောင်ရောဂါရှိတဲ့သူတွေအနေနဲ့ သောက်သုံးကြပါသေးတယ်။ ဒါတွေက Niacinamide ကို ဆေးပညာမှာ ဘယ်လို အသုံးပြုကြပြီး အသုံးဝင်လဲဆိုတာတွေပါ။
ဒါဆိုရင် အရေပြားအတွက် niacinamide ရဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲ။
အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတစ်ခုအနေနဲ့ niacinamide ဟာ skin barrier (အရေပြားရဲ့ အပြင်ဘက် မျက်နှာပြင်) ကို အားဖြည့်ပေးခြင်း၊ အရေပြားဆဲလ်တွေ ပြောင်းလဲမှုကို တိုးလာစေခြင်း၊ အစိုဓာတ် ပြန်လည်ရရှိစေခြင်း၊ နေရောင်ခြည်နဲ့ လေထုညစ်ညမ်းတို့လို ပတ်ဝန်းကျင်ကနေ အသားအရေကို ပျက်စီးစေတာတွေကနေ ကာကွယ်ပေးခြင်း အပါအဝင် အကျိုးကျေးဇူးများစွာ ရှိပါတယ်။
ဒါ့အပြင် ချွေးပေါက်တွေကို ကျဉ်းစေပြီး အရေပြားလိုင်းကို ချောမွေ့ညီညာ လာစေပါတယ်။ အရေးအပြား မွဲခြောက်ခြင်း၊ အရေးအကြောင်းတွေ၊ အမည်းစက်တွေကို လျော့ပါး သက်သာစေတာကြောင့် အသားအရေရဲ့ texture ကို ပိုမိုကောင်းမွန် လာစေပါတယ်။
ဗီတာမင် B3 ဟာ ရောင်ရမ်းမှုကို သက်သာစေပြီး ဘက်တီးရီးယားပိုးမွှားတွေကိုလဲ တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိတွေရှိပါတယ်။ ချွေးပေါက်တွေကို ကျဥ်းစေပြီး ဝက်ခြံထွက်တာကို ဖြစ်စေတဲ့ sebum တွေ အလွန်အကျွံထွက်တာကိုလဲ ဟန့်တားနိုင်ပါတယ်။
#Niacinamide #myangoal #shopping #korea #Myanmar #cosmetics #skincare
Leave a Reply
You must be logged in to post a comment.