part 2 / ယောကျာ်းလေးတွေအတွက် အကောင်းဆုံး Korean Face Moisturizers

အရင်တပတ်က ယောကျာ်းလေးတွေအတွက် အကောင်းဆုံး Korean Face Moisturizers 10 မျိုးထဲက 5 မျိုးကို ဖော်ပြခဲ့ပါတယ်။ ဒီနေ့မှာလဲ နောက်ထပ် ဘယ်ကိုရီးယား အမှတ်တံဆိပ်တွေထဲက Moisturizers ဖြစ်မလဲဆိုတာ သိချင်ရင်တော့ ဆက်ပြီး ဖတ်ကြည့်ကြည့်လိုက်ပါ။

6.Etude House Moistfull Collagen Deep Cream
ရေဓာတ်ဖြည့်တင်းပေးတဲ့ ကော်လာဂျင်ရဲ့ အစွမ်းကြောင့် အသားအရေကို ပြန်လည်နုပျိုစေပြီး နက်ရှိုင်းစွာ အားဖြည့်ပေးပါတယ်။ ရေဓာတ်ဖြည့်တင်းဖို့နဲ့ အသားအရေ တင်းမာမှုတွေကို သက်သာချင်သူတွေအတွက် ဒီ အိုမင်းရင့်ရော်မှုကို သက်သာစေတဲ့ cream ဟာ မရှိမဖြစ် ဆောင်ထားသင့်ပါတယ်။ ဒီ cream က BTS အဖွဲ့ထဲက Junkook အကြိုက်ဆုံး moisturizer လဲ ဖြစ်ပါတယ်။

7.Pyunkang Yul Moisturizing Cream
ဒီ moisturizer ဟာ Korean vetch root extract နဲ့ ဖော်စပ်ထားပြီး အသားအရေ အမျိုးအစားအားလုံးအတွက် အံ့သြဖွယ်ကောင်းလောက်အောင် အဆင်ပြေတဲ့ ရေဓာတ်ဖြည့်‌ပေးတဲ့ cream ဖြစ်ပါတယ်။ အသားအရေ ခြောက်သွေ့ခြင်း ဒါမှမဟုတ် ယားယံခြင်း ခံစားရရင်လဲ ဒီ cream ကို လိမ်းပေးခြင်းဖြင့် အသားအရေကို အေးချမ်းပြီး သက်သာစေပါတယ်။

8.Cosrx Advanced Snail 92 All in one Cream
92% ခရုချွဲနဲ့ ကော်လဂျင်တို့ ကြွယ်ဝစွာပါဝင်တာ‌ကြောင့် ဒီ cream ဟာ ဆဲလ်‌တွေ လည်ပတ်မှုကို ပြန်လည်နှိုးဆွပေးပါတယ်။ ဒါ့အပြင် အသားအရေကို ရေဓာတ်ဖြည့်တင်းပေးပြီး တင်းရင်းစေကာ အရေးအကြောင်းများကို လျော့ပါးစေပါတယ်။ ဒီဆန်းသစ်ပြီး အာဟာရဖြည့်‌ပေးတဲ့ ဖော်မြူလာကြောင့် နက်ရှိုင်းစွာ ရေဓာတ်ဖြည့်ပေးပြီး ခြောက်သွေ့၊ ပျက်စီးနေတဲ့ အသားအရေကို ပိုမိုကောင်းမွန်အောင် ကူညီပေးပါတယ်။

9.Innisfree Intensive Hydrating Cream with Green Tea Seed
အစိုဓာတ်ကြွယ်ဝတဲ့ ဒီ cream ဟာ အရေပြားကို အားဖြည့်ပေးပြီး စေးကပ်မှုမရှိဘဲ အစိုဓာတ်ကို ထိန်းသိမ်းပေးပါတယ်။ ဒီ cream ကို Jeju ကျွန်းက USDA အသိအမှတ်ပြု အော်ဂဲနစ် စိုက်ပျိုးရေးက ရရှိတဲ့ green tea extract နဲ့ လက်ဖက်စိမ်းစေ့ဆီတို့ကို အသုံးပြုပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒီထုတ်ကုန်မှာ ပါ၀င်ပစ္စည်းအဖြစ် amino acids နဲ့ antioxidants ပါဝင်တာ‌ကြောင့် အရေပြားကို အကာအကွယ်ပေးတဲ့ အတားအဆီးကို ကောင်းမွန်စွာ တည်ဆောက်ပေးပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်ကနေ အသားအရေကို ထိခိုက်စေတဲ့ အရာတွေကနေ ကာကွယ်ပေးကာ ရေဓာတ်ဖြည့်တင်းပေးပြီး လန်းဆန်းစေပါတယ်။

10.Sulwhasoo Concentrated Ginseng Renewing Cream
ဒီ Anti-aging cream အိုမင်းခရင့်‌ရော်စေတဲ့လ က္ခဏာ‌တွေကို တိုက်ဖျက်ပေးပြီး ကျန်းမာသန်စွမ်းတဲ့ အသွင်အပြင်ကို ရရှိစေဖို့ အသားအရေကို ပြန်လည် အားဖြည့်ပေးပါတယ်။ ကိုရီးယား ဂျင်ဆင်းနီ၊ retinol၊ BHA (salicylic acid) နှင့် white mulberry extract တို့နဲ့ ပေါင်းစပ်ထားတာကြောင့် အသားအရေထဲ ရေဓာတ်ဖြည့်တင်းမှုကို မြှင့်တင်ပေးပါတယ်။
ဒီအစွမ်းထက်တဲ့ ဖော်မြူလာ‌ကြောင့် အန္တရာယ်ရှိတဲ့ free radicals တွေကို တိုက်ဖျက်ရာမှာ ကူညီပေးပြီး ကော်လာဂျင်ကို ပိုမိုထုတ်လုပ်ပေးကာ အသားအရည်ကို တင်းမာစေပြီး နူးညံတဲ့ အသွင်အပြင်ကို ရရှိစေပါတယ်။

#shopping #moisturizer #myangoal #cosmetics #korea #skincare #Myanmar


Latest