အကောင်းဆုံး ကိုရီးယား Night Cream နဲ့ Sleeping Masks များ

အသားအရေထိန်းသိမ်းတဲ့ ထုတ်ကုန်တွေထဲမှာ Day Cream လိုဘဲ ညဘက်မှာဆိုရင် Night Cream နဲ့ Sleeping Mask တွေဟာလဲ အသားအရေရဲ့ ကျန်းမာရေးနဲ့ ကြည်လင် တောက်ပမှုကို ထိန်းသိမ်းတဲ့အခါမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ Night Cream ကို ညဘက်မှာ အရေပြားကို ပြန်လည်ကောင်းမွန်လာအောင် အသုံးပြုကြလေ့ရှိပါတယ်။

ဒါကြောင့် အလှကုန်ပစ္စည်းတွေထဲမှာ ကိုရီးယား အမှတ်တံဆိပ်တွေဟာ အရည်အသွေး ကောင်းတဲ့အပြင် အသားအရေကို သဘာဝအတိုင်း ပြန်လည်ပြုပြင်ပေးပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal ကနေပြီးတော့ ကိုရီးယား အမှတ်တံဆိပ်တွေထဲ အသားအရေ အမျိုးအစားတိုင်းအတွက် အကောင်းဆုံး Night Cream 6 မျိုး နဲ့ အရေပြားကို အာဟာရ ကောင်းမွန်စွာ ဖြည့်တင်းပေးနိုင်တဲ့ အကောင်းဆုံး Sleeping Mask ၃ ခုကို ဖော်ပြပေးလိုက်ပါတယ်။

အကောင်းဆုံး Night Cream 6 မျိုး
Cetaphil Moisturizing Night Cream
ဒီ Night Cream ကို နူးညံ့တဲ့ ဖော်မြူလာနဲ့ ထုတ်လုပ်ထားပြီး အရေပြား အမျိုးအစားအားလုံးအတွက် အဆင်ပြေပါတယ်။ အသားအရေကို သဘာဝအတိုင်း အစိုဓာတ်မျှတစွာ ပြန်လည်ဖြည့်တင်းနိုင်ဖို့ ညတွင်းချင်း လုပ်ဆောင်ပေးပါတယ်။

Eucerin Hyaluron-Filler + Elasticity Night
အိုမင်းရင့်ရော်ခြင်းရဲ့ လက္ခဏာတွေကို တိုက်ဖျက်ချင်တယ်ဆိုရင်တော့ ဒီ night cream က အသင့်လျော်ဆုံးဖြစ်ပါတယ်။ hyaluronic acid နဲ့ Arctiin တို့ ကြွယ်ဝစွာ ပါဝင်တာကြောင့် အသားအရေတင်းရင်းမှုကို မြှင့်တင်ပေးပြီး အရေပြား မညီညာခြင်းတွေကို လျော့ချစေပါတယ်။

Estee Lauder Nightwear Plus Anti-Oxidant Night Detox Cream
Antioxidant ကြွယ်ဝစွာ ပါဝင်တဲ့ ဒီ night cream ဟာ အသားအရေကို အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေကို ကောင်းမွန်စွာ ကာကွယ်ပေးနိုင်ပါတယ်။ အိပ်ပျော်နေစဉ်မှာလဲ အသားအရေကို သန့်စင်စေပြီး လန်းဆန်းစေကာ နုပျိုတဲ့ အသားအရေကို ရရှိစေပါတယ်။

Olay Retinol 24 Max Night Hydrating Moisturizer
ဒီအစွမ်းထက်တဲ့ Night Creamဟာ အရေပြားအတွက် အကျိုးကျေးဇူး များစွာရရှိစေတဲ့အပြင် ရေဓာတ်ဖြည့်ပေးတဲ့ ဖော်မြူလာနဲ့ retinol ကိုပေါင်းစပ်ထားပါတယ်။ ပုံမှန်အသုံးပြုပေးခြင်းဖြင့် အသားအရေကို ချောမွေ့တောက်ပစေပြီး ရေဓာတ်ပြည့်ဝစေပါ။

Klairs Midnight Blue Calming Cream
Sensitive နဲ့ ယားယံလွယ်တဲ့ အသားအရေတွေအတွက် အထူးသင့်လျော်တဲ့ Night Cream ဖြစ်ပါတယ်။ ဒီ night cream မှာ guaiazulene ပါ၀င်တာကြောင့် ဝက်ခြံပေါက်တဲ့ အခါမှာ ရောင်ရမ်းခြင်းဖြစ်စေတာကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေ ပါရှိပါတယ်။ အရေပြား နီမြန်းခြင်းနဲ့ ရောင်ရမ်းခြင်းကို သက်သာစေပြီး ညဘက်ကို အေးချမ်းသက်သာစွာ အိပ်ပျော်စေပါတယ်။

Sleeping Mask
Cosrx Ultimate Nourishing Rice Overnight Spa Mask
ဆန်က‌နေ ထုတ်ယူရရှိတဲ့ rice extract နဲ့ ပေါင်းစပ်ထားတာကြောင့် ညအိပ်ယာဝင်ချိန်မှာ အသားအရေကို တောက်ပစေပြီး အာဟာရဖြစ်စေပါတယ်။ မနက်ခင်းနိုးလာတာနဲ့ တက်ကြွပြီး ကြည်လင်ဝင်းပတဲ့ အသားအရေကို ရရှိစေပါတယ်။

Glow Recipe Avocado Melt Retinol Eye Sleeping Mask
ဒီ mask ဟာ ခြောက်သွေ့ကြမ်းတမ်းပြီး sensitive အသားအရေ‌တွေ‌‌အတွက် ပုံမှန်အသားအရေအတိုင်း ကြည်လင်တောက်ပ လာစေပါတယ်။အရေပြားကို အာဟာရကြွယ်ဝစွာ ဖြည့်တင်းပေးပြီး eye Sleeping Mask ဖြစ်တာကြောင့် မျက်လုံးအောက်ပိုင်း ဧရိယာကိုလဲ အားဖြည့် ပေးပါတယ်။ ထောပတ်သီးနဲ့ encapsulated retinol တို့ ပေါင်းစပ် ထုတ်လုပ်ထားတာကြောင့် အရေးအကြောင်း နဲ့ ရောင်ရမ်းခြင်း‌တွေကို လျော့ပါးစေပါတယ်။

Iunik Propolis Vitamin Sleeping Mask
Iunik Propolis Vitamin Sleeping Mask ဟာ မျက်နှာပေါ်က အသားအရေကို အားဖြည့်ပေးပြီး နူးညံ့သိမ်မွေ့တဲ့ အသားအရေရရှိအောင် သဘာဝအတိုင်း ကုသပေးတဲ့ ကိုရီးယားအလှကုန်ပစ္စည်း ဖြစ်ပါတယ်။ ဒီ mask ဟာ အသားအရေကို ညတွင်းချင်း ပြန်လည်နုပျိုစေပြီး အားဖြည့်ပေး propolis နဲ့ ဗီတာမင်ဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် mask ကပ်ပြီးသွားလို့ မနက်မိုးလင်းတဲ့အခါမှာ ကြည်လင်ဝင်းပတဲ့ အသားအရေကို ရရှိစေပါတယ်။

တောင်ကိုရီးယားမှ ထုတ်ကုန်များကို အချိန်နဲ့တပြေးညီ ဝယ်ယူရရှိနိုင်အောင်လုပ်ဆောင်ပေးမယ့် MyanGoal Shopping
🏢 Address – Bypyeong Station Shopping Mall, Ground Floor, Incheon, South Korea
☎️ 010-2497-1478
⏰ 10:00am to 8:00pm


Latest