Chuseok ကာလအတွင်း ဆိုးလ်မှာ ဘာတွေလုပ်လို့ရလဲ?

🇰🇷 2024 ခုနှစ်ရဲ့ Korean Thanksgiving (သို့မဟုတ်) Chuseok ကတော့ စက်တင်ဘာလ 17 ရက်နေ့တွင် ကျရောက်မှာဖြစ်ပြီး ယခုနှစ်အတွက် အစိုးရရုံးပိတ်ရက်များမှာ စက်တင်ဘာ ၁၆ ရက်မှ စက်တင်ဘာ ၁၈ ရက်နေ့အထိဖြစ်တာကြောင့် လူတိုင်းအားလပ်ရက် ၅ ရက်ရှိမှာဖြစ်ပါတယ်။
Chuseok ဟာ မိသားစုတွေစုဝေးဖို့ အရေးကြီးတဲ့ အချိန်ဖြစ်တာကြောင့် များသောအားဖြင့် ကိုရီးယားလူမျိုးတွေဟာ သူတို့ရဲ့ မွေးရပ်မြေကို ပြန်လေ့ရှိကြပါတယ်။ Chuseok ကာလမှာ ဆိုးလ်မြို့တွင်းကို လည်ပတ်ဖို့ အကောင်းဆုံးအချိန်များထဲမှ တစ်ခုဖြစ်သည်မှာ အသေအချာပါဘဲ။ ဒီနေ့မှာတော့ Chuseok ကာလအတွင်း ဆိုးလ်မှာ ဘာတွေလုပ်လို့ရမလဲ ဆိုတာကို ပြောပြပေးသွားမှာဘဲ ဖြစ်ပါတယ်။ Chuseok ကာလအတွင်း ဆိုးလ်မှာရှိတဲ့ ကိုရီးယားအမွေအနှစ်နေရာတွေကို သွားရောက်ကြည့်ရှုလို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။
📍Gyeongbokgung လိုမျိုး တော်ဝင်နန်းတော်တွေနဲ့ နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ရိုးရာဂူသင်္ချိုင်းတွေကို Chuseok အားလပ်ရက်တစ်ခုလုံး ဖွင့်လှစ်ထားမည်ဖြစ်ပြီး ဒီအမွေအနှစ်နေရာတွေ အားလုံးကို ဝင်ကြေးအခမဲ့နဲ့ သွားရောက်ကြည့်ရှုလို့ရမှာဘဲ ဖြစ်ပါတယ်။ ယူနက်စကိုမှ ကမ္ဘာ့ အမွေအနှစ်စာရင်းဝင် Jongmyo Shrine သို့လည်း သွားရောက်လည်ပတ်နိုင်ပြီး ကိုရီးယား ကောက်ရိတ်သိမ်းပွဲတော်နေ့ ကာလအတွင်း အထူးဖျော်ဖြေပွဲများနှင့် ပွဲများအပြင် ရိုးရာကစားနည်းများဖြစ်တဲ့ yut-nori နှင့် juldarigi တို့လည်း ဆော့ကစားလို့ရပါသေးတယ်။ ဒီအမွေအနှစ်နေရာတွေ သွားပြီဆိုရင်တော့ ကိုရီးယားရိုးရာဝတ်စုံ ဖြစ်တဲ့ hanbok ကိုဌားရမ်းပြီး ဓာတ်ပုံကောင်းကောင်းလေးတွေ ရိုက်လို့ရသေးတာကို မေ့လို့မရပါဘူး။
📍KOREAN FOLK VILLAGE | 한국민속촌
လိပ်စာ- 90 Minsokchon-ro, Giheung-gu, Yongin-si, Gyeonggi-do | 경기도 용인시 기흥구 민속촌로 90 (보라동)
Yongin မှာရှိပြီး ဧရိယာအကျယ်အဝန်း ရှိတဲ့ ကိုရီးယားရိုးရာရွာကတော့ Joseon ခေတ်အကြောင်းကို လေ့လာဖို့ ဆိုးလ်မြို့အနီးရှိ အကောင်းဆုံးနေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ကိုရီးယားရိုးရာအိမ်တွေ ပုံစံအတိုင်း ဖွဲ့စည်းထားတာကြောင့် Joseon ခေတ်က နေထိုင်ခဲ့တဲ့ပုံစံကို အမှန်တကယ် ခံစားနိုင်မှာဖြစ်ပါတယ်။ Korean Folk Village တွင် တစ်နေကုန် အလွယ်တကူ ဖြတ်သန်းနိုင်ပြီး အဲ့မှာရှိတဲ့ ပြတိုက်အများအပြားကို စူးစမ်းလေ့လာခြင်း၊ ရိုးရာဖျော်ဖြေပွဲများ ကြည့်ရှုခြင်း၊ K-drama ရိုက်ကွင်းများ ကြည့်ရှုခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။
📍NAMSANGOL HANOK ရွာ | 남산골한옥마을
လိပ်စာ- 28, Toegye-ro 34-gil, Jung-gu, ဆိုးလ် | 서울특별시 중구 퇴계로34길 28 (필동2가) Namsangol Hanok ရွာကိုလဲ Chuseok ကာလမှာ သွားရောက်လည်ပတ်သင့်ပါတယ်။ Namsan တောင်ခြေ ရင်းမှာ တည်ရှိပြီး ရိုးရာဖျော်ဖြေပွဲတွေနဲ့ outdoor ဖျော်ဖြေပွဲတွေလဲ အများအပြားရှိတာကြောင့် ကိုရီးယား Chuseok ရိုးရာဓလေ့တွေကို လေ့လာနိုင်ပါတယ်။
📍ဆိုလ်းမြို့တော်ရဲ့ အကောင်းဆုံး ရှုခင်းတွေအတွက် ကိုရီးယားရဲ့ အမြင့်ဆုံး အဆောက်အဦးဖြစ်တဲ့ Lotte World Tower ကတော့ သွားသင့်ပါတယ်။ Chuseok ကာလမှာ လူတွေထူထူထပ်ထပ်ရှိမနေဘဲ ဓာတ်ပုံလဲ အေးအေးဆေးဆေး ရိုက်နိုင်ပါတယ်။ အထပ် 120 မှာရှိ‌တဲ့ Sky Terrace ကတော့ အမြင့် 486 မီတာတွင်ရှိပြီး မြို့ရဲ့ရင်သပ်ရှုမောဖွယ် မြင်ကွင်းတွေကို ကောင်းမွန်စွာကြည့်ရှုနိုင်ပါတယ်။ Seoul Sky Observatory ထက်စျေးသက်သာတဲ့နေရာ သွားချင်ရင်တော့ N Seoul Tower ရှိ Observatory ဟာ Namsan တောင်ထိပ်ကနေပြီး လှပတဲ့ ရှုခင်းတွေကို ကြည့်နိုင်ပါတယ်။ Namsan တောင်ထိပ်မှ ဆိုးလ်မြို့တမြို့လုံးကို ကြည့်ရှုနိုင်ပြီး love lock ခတ်တာတွေ outdoor ဖျော်ဖြေပွဲတွေကို အခမဲ့ကြည့်ရှုနိုင်ပါတယ်။
📍The Garden of Morning Calm ဟာ စတုရန်းမီတာ 30,000 ကျယ်ဝန်းတဲ့ ဥယျာဉ်တခုဖြစ်ပြီး မတူညီတဲ့ ကဏ္ဍပေါင်း အခု 20 နဲ့ မတူညီတဲ့ အပင်အမျိုးပေါင်း 5000 ရှိပါတယ်။ Gapyeong မှာရှိပြီး ဆိုးလ်နဲ့ တစ်နာရီဝန်းကျင်လောက် သွားရပါတယ်။ မြေအောက်ရထားနဲ့လဲ သွားလို့ရတာကြောင့်လဲ Chuseok ကာလမှာ ယာဉ်ကြောပိတ်ဆို့မှုကို ‌‌ရှောင်ရှားနိုင်မှာပါ။


Latest