0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
Seokchon Lake ချယ်ရီပန်းပွဲတော် | 석촌호수 벚꽃축제
Mar 17, 2025
—
by
Milo Kevin
in
Things to do (events)
Seokchon Lake Cherry Blossom Festival 2025 ကို ဘယ်လိုသွားလည်မလဲ။
2025 ခုနှစ်ရဲ့ နွေဦးမှာ အစောဆုံးကျင်းပမယ့် ချယ်ရီပန်းပွဲတော်ကို သွားချင်ရင်တော့ Seokchon Lake Cherry Blossom Festival ကို သွားဖို့ အကြုံပြုပါတယ်။
Seokchon Lake ချယ်ရီပန်းပွဲတော် | 석촌호수 벚꽃축제
Seokchon Lake ကတော့ ဆိုးလ်မှာ ချယ်ရီပန်းတွေကို ကြည့်ရှုဖို့ ရေပန်းအစားဆုံး နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီနေရာကို publiv transportation နဲ့လဲ အလွယ်တကူသွားနိုင်ပြီး ဒီဧရိယာတဝိုက်မှာ တခြား activities တွေ၊ ဆွဲဆောင်မှုတွေလဲ များစွာရှိပါတယ်။
ရင်သပ်ရှုမောဖွယ် ချယ်ရီပန်းပင်ပေါင်း ၁၀၀၀ ကျော်ဟာ ရေကန်ပတ်ပတ်လည် လမ်းမတွေပေါ်မှာ တန်းစီပြီး မြင်နေရမှာ ဖြစ်ပါတယ်။ Seokchon Lake Cherry Blossom ပွဲတော်အတွင်း Lotte World Magic Island နဲ့ Lotte World Tower Seoul Sky Observatory တို့ကို ပန်းရောင်ဖျော့ဖျော့ပန်းပွင့်တွေနဲ့အတူ မြင်တွေ့နိုင်ပါတယ်။
ဂီတဖျော်ဖြေပွဲတွေ၊ ချယ်ရီပန်းဈေး၊ အနုပညာရှင်တွေနဲ့ ပွဲတော်မှာ photo booth အမျိုးမျိုးကိုလည်း တွေ့နိုင်ပါတယ်။ ဒါကြောင့် ချယ်ရီပန်းတွေနဲ့ အတူ အလှဆုံး အမိုက်ဆုံး ဓာတ်ပုံတွေကိုလဲ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။
ပွဲတော်ကို ဘယ်အချိန်မှာ ကျင်းပလဲ။
Seokchon Lake Cherry Blossom Festival ကို ကိုရီးယားမှာ နွေဦးပေါက် ရာသီမှာ ကျင်းပလေ့ရှိပြီး နှစ်စဉ် မတ်လအတွင်းမှာ ကျင်းပလေ့ရှိပါတယ်။ ဒီရေကန်ဟာ public ရေကန်ဖြစ်ပြီး ၁၂ လလုံး ဝင်ကြေး အခမဲ့နဲ့ ဝင်ရောက်နိုင်ပါတယ်။
2024 ခုနှစ်တုန်းက Seokchon Lake မှာ မတ်လ 27 ရက်မှ 31 ရက်ထိ ကျင်းပခဲ့ပြီး ချယ်ရီပန်းတွေဟာ ပွဲတော် မစခင်ကတည်းက တချို့တဝက်ဟာ ကြွေကျနေပြီ ဖြစ်ပါတယ်။ 2025 ခုနှစ်မှာတော့ ပွဲတော်ရက်စွဲကို ယခင်နှစ်ထက်စောပြီး (မတ်လ 25 ရက်နေ့) ကျင်းပဖို့ စီစဥ်ထားပေမယ့် ချယ်ရီပန်းပွင့်ချိန်ပေါ် မူတည်ပါသေးတယ်။
ဒီချယ်ရီပန်းပွဲတော်သွားရင်း Seoul Sky Observatory နဲ့ Lotte World Adventure တို့လို နာမည်ကြီးနေရာတွေကိုလဲ တခါတည်း လည်ပတ်နိုင်ပါသေးတယ်။
လိပ်စာ: 47 Jamsil -dong, Songpa-gu, ဆိုးလ် | 서울특별시 송파구 잠실동 47
Seokchon Lake ဟာ လိုင်း 2 နဲ့ Line 8 ကိုရောက်တဲ့ Jamsil ဘူတာအနီး ဆိုးလ်အရှေ့ဘက်ခြမ်းမှာ တည်ရှိတာ ဖြစ်ပါတယ်။ ရေကန်ဟာ Lotte World နဲ့ Lotte World Mall တို့ရဲ့ နောက်မှာ တိုက်ရိုက်တည်ရှိတာကြောင့် မြေအောက်ရထားဘူတာကနေ အလွယ်တကူသွားနိုင်ပါတယ်။
#cherryfestival #spring #events #korea #myanmar #myangoal #seoul
Comments
Leave a Reply
Cancel reply
You must be
logged in
to post a comment.
←
Previous:
အရေပြား အိုမင်းရင်ံရော်မှုဆိုတာ ဘာလဲ ? ဘာတွေကြောင့် အိုမင်းရင့်ရော်မှုကို ဖြစ်စေတာလဲ ?
Next:
အိုမင်းရင့်ရော်မှုကို သက်သာစေတဲ့ အကောင်းဆုံး ကိုရီးယား အသားအရေ ထိန်းသိမ်းမှု ထုတ်ကုန် 4 ခု
→
Latest
ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ ထောက်ပံ့ပေးနေ
ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ…
Read more
: ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ ထောက်ပံ့ပေးနေ
စျေးနှုန်း သက်သက်သာသာနဲ့ ထွက်ရှိလာခဲ့တဲ့ Samsung Galaxy S26 FE
Samsung Electronics က ၂၀၂၆ ဒုတိယဝက်မှာ သူ့ရဲ့ ဖုန်းမော်ဒယ် စုံလင်းသွားအောင်နဲ့ အပိုပစ္စည်း စရိတ်စက…
Read more
: စျေးနှုန်း သက်သက်သာသာနဲ့ ထွက်ရှိလာခဲ့တဲ့ Samsung Galaxy S26 FE
iPhone 17 Series ကို အခုချိန်မှာ ဘာကြောင့်ဝယ်သင့်တာလဲ
ဖုန်းအသစ် လဲတော့မယ်ဆိုရင် “iPhone 18 ထွက်မှပဲ ဝယ်တော့မလား” ဒါမှမဟုတ် “အခုထွက်ထားတဲ့ iPhone 17…
Read more
: iPhone 17 Series ကို အခုချိန်မှာ ဘာကြောင့်ဝယ်သင့်တာလဲ
iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း
iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင် iPhone…
Read more
: iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း
ဗြိတိန်နိုင်ငံကို ဝယ်ယူမည်ဟု အီလွန်မတ်စ်၏ နောက်ပြောင်မှု Social Media ၌ ပွဲဆူ
ဗြိတိန်နိုင်ငံကို ဝယ်ယူမည်ဟု အီလွန်မတ်စ်၏ နောက်ပြောင်မှု Social Media ၌ ပွဲဆူ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်…
Read more
: ဗြိတိန်နိုင်ငံကို ဝယ်ယူမည်ဟု အီလွန်မတ်စ်၏ နောက်ပြောင်မှု Social Media ၌ ပွဲဆူ
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications
Leave a Reply
You must be logged in to post a comment.