အရှေ့ရက်က တင်ဆက်ခဲ့တဲ့ ကိုရီးယားစာ လေ့လာနေသူတွေအတွက် YouTube Channel 8 ခု ထဲက ကျန်နေသေးတဲ့ channel 4 ခုကို ဖော်ပြပေးလိုက်ပါတယ်။
5. Learn Korean with GO! Billy Korean
Subscribers 600k ကျော်နဲ့ ဗီဒီယိုပေါင်း 1.1k ကျော်ရှိတဲ့ GO! Billy Korean channel ဟာ beginner နဲ့ intermediate ကိုရီးယားစာ သင်ယူသူတွေအတွက် ရေပန်းစားတဲ့ YouTube channel တစ်ခုဖြစ်ပါတယ်။ ကိုရီးယားလူမျိုး မဟုတ်ဘဲ နိုင်ငံခြားသားက သင်ပေးတဲ့ channel တစ်ခုလဲ ဖြစ်ပါတယ်။ မိခင်ဘာသာစကားမဟုတ်သည့်တိုင် Billyရဲ့ ထူးခြားတဲ့ သင်ခန်းစာတွေဟာ native တစ်ဦးကဲ့သို့ သင်ကြားပေးပါတယ်။ ကိုရီးယား ဘာသာစကား အခြေခံကို ပေါ့ပေါ့ပါးပါး ပျော်စရာပုံစံ၊ အခမဲ့ PDF တွေ အစုံအလင်နဲ့လဲ သူ့ရဲ့ ကိုရီးယားသင်ခန်းစာ အပြည့်အစုံကို လေ့လာကြည့်နိုင်ပါတယ်။
6. KoreanClass101
KoreanClass101 ဟာလဲ တီထွင်ဆန်းသစ်ထားတဲ့ ဘာသာသင်ကြားမှု ပုံစံတွေနဲ့ ကိုရီးယားဘာသာစကား သင်ယူသူတွေအတွက် channel ကောင်းတစ်ခု ဖြစ်ပါတယ်။ Subscriber 1.5 သန်းကျော်နဲ့ ဗီဒီယိုပေါင်း 1.7k ကျော်ရှိတာကြောင့် ဘယ် level ရောက်ရောက် ကိုယ်နဲ့ ကိုက်ညီမယ့် ဗီဒီယိုတွေကို အလွယ်တကူရှာနိုင်ပါတယ်။ ဒီ channel မှာ နာမည်ကြီး တစ်လတာ ရက် 30 အတွက် စကားလုံး 300 ကို သင်ယူရတဲ့ vocabulary challenge ကိုလဲ လိုက်လုပ်ကြည့်လို့ရပါတယ်။ ဒီလိုမျိုး challenge ဟာ ကိုရီးယားစာ သင်သူတွေအတွက် အလွန် ကောင်းမွန်တဲ့ challenge ဖြစ်ပါတယ်။ ဒါ့အပြင် သဒ္ဒါအားနည်းတဲ့သူတွေအတွက် Korean Grammar Made Easy playlist ကနေပြီးတော့လဲ သဒ္ဒါတွေကို လေ့လာဖို့အတွက် ကောင်းမွန်စွာ လမ်းညွှန်ပေးထားပါတယ်။
7. Korean with Ina
Subscriber 450k ကျော်နဲ့ ဗီဒီယိုပေါင်း 600 ကျော်ရှိတဲ့ Ina ရဲ့ channel ဟာ TikTok-style shorts ဗီဒီယိုတွေနဲ့ ဘာသာစကားသင်ကြားမှု ပုံစံကို တင်ဆက်ပေးပါတယ်။ ဒီလိုမျိုး ဗီဒီယိုအတိုလေးတွေနဲ့ သင်ကြားတဲ့ ပုံစံကြောင့် အခုမှ စတင်လေ့လာသူတွေအတွက် လွယ်လွယ်ကူကူ မှတ်မိနိုင်ပါတယ်။ သူမရဲ့ ဗီဒီယိုတွေထဲမှာ ကိုရီးယားအက္ခရာစာလုံးတွေ၊ နိုင်ငံနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားဖွယ် အချက်အလက်တွေ၊ အရသာရှိတဲ့ ကိုရီးယားဟင်းချက်နည်းတွေ၊ နာမည်ကြီး ကိုရီးယားသီချင်းတွေနဲ့ အသုံးဝင်တဲ့ နေ့စဥ်သုံး စကားလုံးတွေကို ကြည့်နိုင်မှာဘဲ ဖြစ်ပါတယ်။
8. Study with Chan Chan
Subscriber 520k ကျော်နဲ့ ဗီဒီယိုပေါင်း 120 ကျော်ရှိတဲ့ ဆရာမ ချမ်းချမ်းရဲ့ channel ကတော့ ကိုရီးယားစာ လေ့လာနေတဲ့ မြန်မာတွေတိုင်း မသိတဲ့လူ မရှိသလောက်ပါဘဲ။ ဆရာမရဲ့ ဗီဒီယိုတွေကို YouTube သာမက Facebook မှာလဲ ကြည့်နိုင်ပါတယ်။ Youtube မှာဆိုရင်လဲ beginner သမားတွေအတွက် ကိုရီးယားအက္ခရာတွေ၊ အခြေခံဗျည်းတွေ၊ သရတွေကို စာသင်ခန်းမှာ သင်ကြားနေတဲ့ ပုံစံနဲ့ သင်ကြားပေးထားပြီး မြန်မာလို အစအဆုံး ရှင်းပြပေးထားတဲ့အတွက် အခုမှ စလေ့လာနေသူတေါအနေနဲ့ လွယ်လွယ်ကူကူ နားလည်နိုင်ပါတယ်။ ကိုရီးယားစကို အခြေခံက စသင်မယ့်သူတွေအတွက် မြန်မာလို ရှင်းပြတာဖြစ်တဲ့အတွက် တော်တော်လေး အဆင်ပြေနိုင်မှာ ဘဲ ဖြစ်ပါတယ်။
Korea မှာ ကျောင်းတက်ချင်လား MyanGoal Edu ဆီလာ
ကျောင်းလျှောက်ဖို့အတွက် ဆွေးနွေးတိုင်ပင်လိုပါက ဖုန်းနံပါတ်
09440094094 သို့ ဆက်သွယ်နိုင်သလို၊ လူကိုယ်တိုင်လာရောက် စုံစမ်းလိုပါက ရန်ကုန်ရုံးသို့ လာရောက်နိုင်တဲ့အပြင်၊ Korea ဘက်မှာလဲ ရုံးချုပ်ရှိနေတော့ ဘာလိုသေးလဲ ကိုယ့်လူတို့ရေ။ အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်
MyanGoal Edu – Myanmar Branch
MyanGoal Edu – Korea Branch







Leave a Reply
You must be logged in to post a comment.