Korean Fashion Brands in 2024

ကိုရီးယားရှိ သရုပ်ဆောင်တွေနဲ့ idol တွေရဲ့ ဝတ်ဆင်မှုတွေကြောင့် ကိုရီးယား brand တွေရဲ့ အဝတ်အစားများနဲ့အသုံးအဆောင်ပစ္စည်းတွေဟာ ကိုရီးယားလူငယ်‌များကြားတွင်သာမက ကမ္ဘာတစ်ဝှမ်းတွင် ရေပန်းစားလာခဲ့ပါတယ်။ ဒီနေ့မှာတော့ လတ်တလော ခေတ်စားနေတဲ့ ကိုရီးယားဖက်ရှင်အမှတ်တံဆိပ် ကိုပြောပြသွားမှာဖြစ်တဲ့အတွက် ခေတ်နောက်မကျအောင် ဖတ်သွားကြည့်လိုက်ပါဦး။

1. GENTLE MONSTER
ထူးခြားသောဒီဇိုင်းတွေနဲ့ အရည်အသွေးမြင့် နေကာမျက်မှန်တွေကြောင့် လူသိများတဲ့ ကိုရီးယားမျက်မှန်အမှတ်တံဆိပ်ဖြစ်တဲ့ Gentle Monster ကတော့ Jennie နဲ့ collaboration ကြောင့် တော်တော်လေး ရေပန်းစားခဲ့ပြီး မကြာသေးခင်ကလဲ ဂျပန်မင်းသမီး Nana Komatsu နဲ့လဲ collaboration ထပ်လုပ်ပေးခဲ့ပါတယ်။ Gentle Monster ကို ဆိုးလ်မှာ 2011 ခုနှစ်တွင် Hankook Kim ဆိုတဲ့သူမှ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ Gentle Monster ကို သြစတြေးလျ ၊ ဂျပန် ၊ တောင်ကိုရီးယား ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဟောင်ကောင် ၊ စင်ကာပူ ၊ ထိုင်း ၊ မလေးရှား ၊ ဖိလစ်ပိုင် ၊ အာရပ်စော်ဘွားများပြည်ထောင်စု ၊ United Kingdom တို့အပါအဝင် ကမ္ဘာတစ်ဝှမ်း စတိုးဆိုင်ခွဲပေါင်း 41 ဆိုင်ရှိပါတယ်။ GENTLE MONSTER ကထုတ်တဲ့ နေကာမျက်မှန်တွေထဲ Benven 01 ဒီဇိုင်းကတော့ personally အရ တော်တော်လေး မိုက်ပါတယ်။ Best seller item တခုဖြစ်ပြီး စျေးအနေနဲ့ USD 325 ဝန်းကျင်လောက်ရှိပါတယ်။

2. Mardi Mercredi
ဒီ brand ကတော့ 2018 စပေါ်ခဲ့တာဖြစ်ပြီး သက်တမ်းအားဖြင့် နုသေးပေမယ့် သူတို့ရဲ့ signature ဒေစီလိုဂိုကြောင့်လဲ နာမည် အတော်လေး ရလာခဲ့ပြီဘဲ ဖြစ်ပါတယ်။ ဒီကိုရီးယားအမှတ်တံဆိပ်ကို Peace Hwamok Park and Valerie S Lee တို့ လင်မယား ၂‌ယောက်က စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး ဒီနှစ်တွေ‌အတောအတွင်း သူတို့ရဲ့ ပြောင်မြောက်ပြီး ပြင်သစ်ဆန်ဆန် ဖန်တီးထားတဲ့ ဒီဇိုင်းများကြောင့် မရေမတွက်နိုင်တဲ့ ပရိသတ်တွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ပူအိုက်တဲ့နွေရာသီ အတွက် Cropped T-shrirt Flowermardi ကတော့ signature ဒေစီလိုဂိုလဲပါပြီး ပေါ့ပေါ့ပါးပါးဝတ်ဆင်လို့ကောင်းပါတယ်။

3. MariTHÉ FRANÇOIS GIRBAUD
နှစ် 50 သက်တမ်းရှိပြီဖြစ်တဲ့ ဒီအထင်ကရ ပြင်သစ်အမှတ်တံဆိပ်ကတော့ သက်တောင့်သက်သာရှိပြီး စတိုင်ကျတဲ့ ဂျင်းဘောင်းဘီတွေကြောင့် ကမ္ဘာတစ်ဝှမ်းတွင် ရေပန်းစားပြီး သူတို့ရဲ့ တီရှပ်တွေ၊ ဦးထုပ်တွေ၊ ဂျင်းဘောင်းဘီတွေကို Blackpink ရဲ့ Jennie၊ Park Seo Joon၊ Mamamoo နဲ့ ITZY တို့လို K-pop စတားတွေမှာ မကြာခဏ ဝတ်ဆင်တတ်တာကို တွေ့ရပါတယ်။ Classic Logo T-Shirt ဆိုရင်လဲ ဒီ brand ရဲ့အထင်ကရလိုဂိုပါရှိပြီး နွေရာသီမှာ ဝတ်လို့ကောင်းပြီး စျေးနှုန်းကတော့ 46 dollar ဝန်းကျင်ရှိပါတယ်။

4.Matin Kim
Dain Kim ဆိုသူမှ 2017 ခုနှစ်တွင် တည်ထောင်ခဲ့တဲ့ Matin Kim ဟာ သက်တောင့်သက်သာနဲ့ ခေတ်မီတဲ့ ဒီဇိုင်းရှိတာ‌ကြောင့် လူငယ်များအကြားတွင် ရေပန်းစားပါတယ်။ Matin Kim ရဲ့ ဖက်ရှင်ကျကျနဲ့သက်တောင့်သက်သာရှိတဲ့ အိတ်များမှအစ အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းများဟာ ကိုရီးယားရိုးရာ အငွေ့အသက် ပေးတာကြောင့် ကိုရီးယားယဉ်ကျေးမှုကိုလဲ မြှင့်တင်ပေးနေတဲ့ နာမည်ကြီး ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ Matin Kim သည် တောင်ကိုရီးယားတွင် ထိပ်တန်းအမှတ်တံဆိပ်တစ်ခုဖြစ်ပြီး နိုင်ငံ၏လက်ရှိဖက်ရှင်ခေတ်ရေစီးကြောင်းကိုလဲ ကိုယ်စားပြုပါတယ်။ ဝမ် 95,000 တန် Light grey အ‌ရောင် MINI BUCKLE အိတ်ကတော့ မိန်းကလေး တော်တော်များများ ကြိုက်ကြပါတယ်။

ကဲ အခုဖော်ပြသွားတဲ့ တံဆိပ်တွေထဲ ကိုယ့်ရဲ့ personally အရ သဘောကျတဲ့ အသုံးအဆောင်တွေ၊ အဝတ်အစားတွေ ရှိရင်လဲ comment မှာ ဝင်ရောက်ရေးသွားခဲ့လို့ ရပါတယ်။

တောင်ကိုရီးယားမှ ထုတ်ကုန်များကို အချိန်နဲ့တပြေးညီ ဝယ်ယူရရှိနိုင်အောင်လုပ်ဆောင်ပေးမယ့် MyanGoal Shopping
🏢 Address – Bypyeong Station Shopping Mall, Ground Floor, Incheon, South Korea
☎️ 010-2497-1478
⏰ 10:00am to 8:00pm


Latest