ကိုရီးယားယဉ်ကျေးမှုပွဲတော်များ လမ်းညွှန် Part-2

ကိုရီးယားရဲ့ ယဉ်ကျေးမှုပွဲတော်တွေဟာ ရိုးရာနဲ့ ခေတ်သစ်ယဥ်ကျေးမှုတို့ကို ပေါင်းစပ်ထားတဲ့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ အရင်ရက်ကလည်း ကိုရီးယားက အမိုက်စားပွဲတော်တွေအတွက် လမ်းညွှန်ပေးခဲ့သလို ဒီနေ့မှာလည်း နောက်ထပ်ပွဲတော်တွေကို တင်ဆက်ပေးလိုက်ပါတယ်။ ဒါကြောင့င့် ဒီပွဲတော်တွေကို  ဆင်နွှဲပြီး ကိုရီးယားရဲ့ စည်ကားတဲ့ ယဉ်ကျေးမှုကို ခံစားလိုက်ပါ!   

 ၆။ ဘူဆန် အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော် (BIFF) – အောက်တိုဘာ  

**အနှစ်သာရ:** အာရှမှာ အထင်ရှားဆုံး ရုပ်ရှင်ပွဲတော်တစ်ခုဖြစ်ပြီး ကမ္ဘာ့တဝှမ်းကအပြင် ကိုရီးယားရုပ်ရှင်တွေကို ပြသပါတယ်။  

**ထူးခြားချက်များ:**  

– နာမည်ကျော် သရုပ်ဆောင်တွေ ပါဝင်တဲ့ Red carpet show

– ရုပ်ရှင်ပြသခြင်း မေးခွန်းမေးဖြေခြင်း  

– တက်သစ်စ ဒါရိုက်တာတွေရဲ့ ပြပွဲများ

—  

၇။ ဆိုးလ်မီးပုံးပွဲတော် (Seoul Lantern Festival) – နိုဝင်ဘာ

**အနှစ်သာရ:** Cheonggyecheon (청계천) စမ်းချောင်းတလျှောက် လှပတဲ့ မီးပုံးတွေနဲ့ အလှဆင်ထားပါတယ်။  

**ထူးခြားချက်များ:**  

– လှပတဲ့ မီးပုံးအပြင်အဆင်များ  

– မီးပုံးလုပ်တဲ့ workshops များ  

– ညဘက်လမ်းလျှောက်ခြင်း

—  

၈။ Andong Mask Dance Festival (안동국제탈춤페스티벌) – စက်တင်ဘာ/အောက်တိုဘာ 

**အနှစ်သာရ:** ကိုရီးယားရဲ့ ရိုးရာမျက်နှာဖုံးအကတွေကို ခံစားနိုင်တဲ့ ပွဲတော်ဖြစ်ပါတယ်။  

**ထူးခြားချက်များ:**  

– Talchum (탈춤) အကများ  

– နိုင်ငံတကာယဉ်ကျေးမှု ဖလှယ်ပွဲများ  

– ကိုယ်တိုင်မျက်နှာဖုံး ပြုလုပ်ခြင်း

—  

၉။ (Jeju Fire Festival) – မတ်

**အနှစ်သာရ:** လယ်သမားတွေက ကောင်းမွန်တဲ့ ရာသီဥတုအတွက် မီးရှို့ပူဇော်တဲ့ ပွဲဖြစ်ပါ။  

**ထူးခြားချက်များ:**  

– မီးအလှပြပွဲများ  

– ရိုးရာတူရိယာတွေ ဖျော်ဖြေခြင်း  

– ရိုးရာအစားအစာများ

—  

၁၀။ K-Pop ဖျော်ဖြေပွဲများ (တစ်နှစ်ပတ်လုံး)

**အနှစ်သာရ:** KCON, MAMA Awards စတဲ့ နာမည်ကြီး K-Pop ဆုပေးပွဲတွေမှာ နာမည်ကျော်အနုပညာရှင်တွေဟာ ပါဝင်ဖျော်ဖြေလေ့ရှိပါ။  

**ထူးခြားချက်များ:**  

– ထိပ်တန်း K-pop idols တွေရဲ့ ဖျော်ဖြေပွဲများ  

– ပရိသတ်တွေနဲ့ တွေ့ဆုံပွဲများ  

#korea #traditional #events #myangoal


Latest