0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
1 / Jeju ကျွန်းကိုရောက်ရင် ဒါတွေ စားကြည့်ခဲ့ပါ။
Mar 2, 2025
—
by
Milo Kevin
in
Food & Drinks
Jeju ကျွန်းကတော့ များသောအားဖြင့် နွေဦးနဲ့ နွေရာသီမှာ ကိုရီးယားလူမျိုးတွေအတွက် သာမက နိုင်ငံခြားခရီးသွားတွေကြား ရေပန်းစားတဲ့ ခရီးသွားနေရာတစ်ခု ဖြစ်ပါတယ်။ တောင်ကိုရီးယားရဲ့ ဟာဝိုင်အီဆိုပြီး မကြာခဏ ခေါ်ဝေါ်လေ့ရှိတဲ့ Jeju ကျွန်းဟာ ကိုရီးယားကျွန်းဆွယ်ရဲ့ တောင်ဘက်မှာ ရှိတဲ့အကြီးဆုံးကျွန်းဖြစ်ပြီး ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ်လဲ သတ်မှတ်ခံထားရပါတယ်။ ဒီကျွန်းဟာ မီးတောင်တွေနဲ့ ဖွဲ့စည်းထားပြီး ပစိဖိတ်သမုဒ္ဒရာရဲ့ အစိတ်အပိုင်းဖြစ်တဲ့ အရှေ့တရုတ်ပင်လယ်နဲ့ နီးပါတယ်။ Jeju ကျွန်းကိုရောက်ဖူးပြီး ဒါတွေမစားဖူးသေးရင်တော့ သွားရတာ မတန်ပါဘူး။
1.Galchi jorim
Galchi jorim ကတော့ အရသာရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ရောစပ်ထားပြီး beltfish ငါးကို မီးအေးအေးနဲ့ပေါင်းထားတဲ့ ချိုချဉ်စပ် Jeju ဟင်းလျာတစ်မျိုးဖြစ်ပါ။ Beltfish ငါးဟာ သတ္တုဓာတ်နဲ့ ဗီတာမင်ဓာတ်တွေ ကြွယ်ဝတဲ့အပြင် အဆီဓာတ်ပါဝင်မှုနည်းပြီး ပရိုတင်းဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ ဖြစ်ပါတယ်။ Jeju ကျွန်းမှာ မတူညီတဲ့ချက်ပြုတ်ပုံတွေနဲ့ လတ်လတ်ဆတ်ဆတ် galchi jorim ရနိုင်တဲ့ စားသောက်ဆိုင် များစွာရှိတာကြောင့် ကိုယ်ကြိုက်နှစ်သက်ရာဆိုင် ရွေးချယ်နိုင်ပါတယ်။ တစ်ချို့ဆိုင်တွေမှာ ငါးအရိုးမနွှင်ချင်တဲ့ သူတွေအတွက် နွှင်ပြီးသားငါးတွေကို အသုံးပြုထားတဲ့ ဆိုင်တွေလဲ ရှိပါတယ်။
2.Grilled black pork
Jeju ဝက်မဲသားကင်ကတော့ နာမည်ကြီးဟင်းလျာတစ်ခုဖြစ်ပြီး တစ်ချက်ကိုက်လိုက်တာနဲ့ နူးနူးညံညံ အရသာရှိရှိ ပါးစပ်ထဲကို စိမ့်ဝင်သွားမှာဘဲ ဖြစ်ပါတယ်။ Jeju က ဝက်မဲတွေကတော့ Jeju ရဲ့ ထူးခြားတဲ့ ရာသီဥတုနဲ့ သဘာဝအတိုင်း လိုက်လျောညီထွေစွာ နေနိုင်တာကြောင့် ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းပုံကောင်းပြီး ရောဂါတွေကိုလဲ ခံနိုင်ရည်ပိုရှိပါတယ်။ Jeju ဝက်မဲသားတွေကတော့ ပုံမှန်ဝက်သားထက် အာဟာရပိုများပြီး အရသာကောင်းမွန်တဲ့ premium ဝက်သားလို့လဲ ဆိုနိုင်ပါတယ်။ Jeju ကျွန်းမှာ နာမည်ကြီး ဝက်မဲသား စားသောက်ဆိုင်တွေ အများကြီးရှိပြီး နေရာတော်တော်များမှာ ဝက်မဲသားကို အလွယ်တကူစားနိုင်ပါတယ်။
3.Abalone (ပင်လယ်ခရု)
ရှေးတုန်းကတည်းက Abalone ဟာ ပင်လယ်ရဲ့ ဘုရင်လို့ လူသိများတဲ့ အဖိုးတန်ပင်လယ်ထွက်စားသောက်ကုန်တစ်ခု ဖြစ်ပါ။ အရသာထူးခြားတာကြောင့် လူတွေကြားမှာလဲ အလွန်ရေပန်းစားပြီး အထူးသဖြင့် Jeju ကျွန်းမှာဆို လတ်လတ်ဆတ်ဆတ် ဒီလိုပင်လယ်စာကို ပုံစံမျိုးစုံနဲ့ စားနိုင်ပါတယ်။
တချို့လူတွေက ဒီပင်လယ်ခရုကို ပြုတ်ပြီး ဒါမှမဟုတ် ကင်ပြီး စားလေ့ရှိပေမယ့် Jeju ကျွန်းမှာဆိုရင် ပေါင်းထားတာ ဒါမှမဟုတ် ကင်ထားတာအပြင် Jeonbongmulhoe (Cold Raw Abalone Soup)၊ shabu shabu၊ hot pot၊ gimbap တို့နဲ့ တွဲဘက်ပြုလုပ်ထားတဲ့ ဟင်းလျာတွေကို မြည်းစမ်းနိုင်ပါတယ်။
4.Grilled mackerel
Jeju ရဲ့ နာမည်ကျော် ဟင်းလျာတစ်မျိုးဖြစ်တဲ့ mackerel ငါးကင်ကတော့ ရိုးရှင်းပြီး mackerel ငါးရဲ့ အရသာစစ်စစ်ကို မြည်းစမ်းနိုင်မှာဘဲ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် mackerel ငါးတွေဟာ ပုစွန်အသေးလေးတွေနဲ့ ငါးနီတူတွေကိုသာ စားပေမယ့်လည်း Jeju ရဲ့ ကမ်းရိုးတန်းက mackerel ငါးတွေကတော့ ပင်လယ်ရေညှိတွေကို စားတာကြောင့် အရည်အသွေးအကောင်းဆုံး ဖြစ်ပါတယ်။ ပြည်မကြီးတွင် မက်ကရယ်ကင်စားရန် မခက်ခဲသော်လည်း၊ လတ်ဆတ်ပြီး ပိန်လှီသော အသားပါရှိသော Jeju mackerel ကြီးသည် အရသာတစ်မျိုးကို ခံစားရစေပါသည်။ Mackerel မှာ protein နဲ့ Omega-3 တို့လို အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ဦးနှောက်ကိုလဲ တိုးတက်ကောင်းမွန်စေပြီး အကြောဆိုင်ရာရောဂါတွေနဲ့ အိုမင်းရင့်ရော်တာတွေကိုလဲ ကာကွယ်ပေးတာကြောင့် မြည်းစမ်းကြည့်သင့်ပါတယ်။
5.Omegi tteok
Omegi tteok ကတော့ Jeju မှာသာမက တခြားမြို့တွေမှာလဲ လူကြိုက်များတဲ့ Jeju ရဲ့ အထူးထုတ်ကုန်တစ်ခုဖြစ်ပါတယ်။ ဒီဟာမှာ အဓိကပါဝင်ပစ္စည်းအဖြစ် Jeju နှံစားပြောင်းနဲ့ ပြုလုပ်ထားပြီး အရသာ ချိုချိုလေးရှိတဲ့ မုန့်ဖြစ်ပါတယ်။ ပြောင်းဆန်ဘာလို့သုံးလဲဆိုတော့ Jeju ရဲ့မြေမှာ စပါးမျိုး ကောင်းကောင်း မပေါက်နိုင်ပေမယ့် ပြောင်းဆန်ကတော့ Jeju မှာ အလွယ်တကူ စိုက်ပျိုးနိုင်ပါတယ်။ Omegi tteok ကို ပြောင်းဆန်နဲ့ ဂျုံမှုန့်တို့ကို ရောနှပ်ပြီး ရေနွေးပူပူမှာ ပြုတ်ပြီး ပြုလုပ်တာဖြစ်ပါတယ်။ အထဲမှာ ပဲနီလေးအနှစ်ထည့်တာကြောင့် ဆန်မုန့်ရဲ့ အရသာနဲ့ တူပြီး ချိုတာကြောင့် ခရီးသွားတွေအနေနဲ့ နှစ်ခြိုက်စွာ စားသုံးလာတာ ဖြစ်ပါတယ်။ နှစ်ပေါင်း 30 ကျော် သမိုင်းကြောင်းရှိတဲ့ ဆန်ကိတ်ဆိုင်တွေလဲ ရှိနေသေးတာကြောင့် ရိုးရာနည်းအတိုင်း ပြုလုပ်ထားတဲ့ Omegi tteok တွေကို မြည်းစမ်းကြည့်နိုင်ပါတယ်။
ဒီလိုနာမည်ကျော် ဟင်းလျာတွေအပြင် Jeju ကျွန်းမှာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ ဟင်းလျာတွေ ရှိပါသေးတယ်။ အဲ့ဒီ့ဟင်းလျာတွေကိုတော့ နောက်ရက်ကျရင် ထပ်မံတင်ဆက်ပေးမှာမလို့ စောင့်မျှော်နေကြပါနော်။
#jeju #foods #korea #myanmar #MyanGoal #eat #dishes
Comments
Leave a Reply
Cancel reply
You must be
logged in
to post a comment.
←
Previous:
Jeju ကျွန်းပေါ်က ဈေးဝယ်ထွက်ဖို့ အကောင်းဆုံးနေရာများ
Next:
part 2 / Niacinamide ပါတဲ့ ကိုရီးယား အသားအရေထိန်းသိမ်းတဲ့ ထုတ်ကုန်ပစ္စည်းများ
→
Latest
Gemini AI စနစ်ပါဝင်သော စမတ်မျက်မှန်များကို Google ထုတ်လုပ်တော့မည်
Gemini AI စနစ်ပါဝင်သော စမတ်မျက်မှန်များကို Google ထုတ်လုပ်တော့မည် စမတ်ဖုန်းတွေကို လက်ကနေ ကိုင်သုံးနေရတဲ့ ခေတ်ကနေ…
Read more
: Gemini AI စနစ်ပါဝင်သော စမတ်မျက်မှန်များကို Google ထုတ်လုပ်တော့မည်
Facebook Myday ခိုးကြည့်တာတွေကို သိရတော့မယ့် Update အသစ်
Facebook Myday ခိုးကြည့်တာတွေကို သိရတော့မယ့် Update အသစ် Facebook ပေါ်မှာ သူများရဲ့ MyDay…
Read more
: Facebook Myday ခိုးကြည့်တာတွေကို သိရတော့မယ့် Update အသစ်
အမေရိကန်အစိုးရဟာ နှစ်ပေါင်းများစွာ လျှို့ဝှက်ထိန်းသိမ်းထားခဲ့တဲ့ UFO ဆိုင်ရာ မှတ်တမ်းတွဲတွေကို သမ္မတထရမ့်ရဲ့ ညွှန်ကြားချက်နဲ့ ပထမဆုံးအကြိမ် လူထုထံ ချပြ
အမေရိကန်အစိုးရဟာ နှစ်ပေါင်းများစွာ လျှို့ဝှက်ထိန်းသိမ်းထားခဲ့တဲ့ UFO (အမျိုးအမည်မသိ ပျံသန်းရေးယာဉ်) ဆိုင်ရာ မှတ်တမ်းတွဲတွေကို သမ္မတထရမ့်ရဲ့ ညွှန်ကြားချက်နဲ့…
Read more
: အမေရိကန်အစိုးရဟာ နှစ်ပေါင်းများစွာ လျှို့ဝှက်ထိန်းသိမ်းထားခဲ့တဲ့ UFO ဆိုင်ရာ မှတ်တမ်းတွဲတွေကို သမ္မတထရမ့်ရဲ့ ညွှန်ကြားချက်နဲ့ ပထမဆုံးအကြိမ် လူထုထံ ချပြ
ထိုင်းနိုင်ငံကို အရှေ့တောင်အာရှရဲ့ ဒီဂျစ်တယ်ဗဟိုချက်ဖြစ်လာစေဖို့အတွက် TikTok ကုမ္ပဏီက ဒေါ်လာ ၂၅ ဘီလျံရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ရပ်ကို လုပ်ဆောင်
ထိုင်းနိုင်ငံကို အရှေ့တောင်အာရှရဲ့ ဒီဂျစ်တယ်ဗဟိုချက်ဖြစ်လာစေဖို့အတွက် TikTok ကုမ္ပဏီက ဒေါ်လာ ၂၅ ဘီလျံ (ဘတ် ၈၄၂…
Read more
: ထိုင်းနိုင်ငံကို အရှေ့တောင်အာရှရဲ့ ဒီဂျစ်တယ်ဗဟိုချက်ဖြစ်လာစေဖို့အတွက် TikTok ကုမ္ပဏီက ဒေါ်လာ ၂၅ ဘီလျံရင်းနှီးမြှုပ်နှံမှုစီမံကိန်းတစ်ရပ်ကို လုပ်ဆောင်
Selfie ရိုက်ရတာ ဝါသနာပါသူတွေအတွက် စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့် နည်းလမ်း
Selfie ရိုက်ရတာ ဝါသနာပါသူပဲဖြစ်ဖြစ်၊ တစ်နှစ်မှတစ်ခါလောက်ပဲ ရိုက်တတ်သူပဲဖြစ်ဖြစ် Samsung ဖုန်းအသုံးပြုသူတွေအတွက်တော့ ပိုမိုလွယ်ကူပြီး စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့်…
Read more
: Selfie ရိုက်ရတာ ဝါသနာပါသူတွေအတွက် စတိုင်ကျကျ ဆဲလ်ဖီရိုက်နိုင်မယ့် နည်းလမ်း
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications
Leave a Reply
You must be logged in to post a comment.