0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
Jeju ကျွန်းပေါ်က ဈေးဝယ်ထွက်ဖို့ အကောင်းဆုံးနေရာများ
Mar 2, 2025
—
by
Milo Kevin
in
Shopping & Promo
နှစ်စဉ် ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်လည်ပတ်မှု တိုးပွားလာတာနှင့်အမျှ Jeju ကျွန်းမှာ နိုင်ငံတကာအမှတ်တံဆိပ်ဆိုင်တွေ၊ duty-free ဆိုင်တွေနဲ့ လူကြိုက်များတဲ့နေရာတွေမှာ စျေးဝယ် စင်တာတွေကိုပါ ဆက်လက်တိုးချဲ့ ဖွင့်လှစ်လျက်ရှိပါတယ်။ Jeju ကျွန်းကို အားလပ်ရက် ခရီးထွက်တဲ့ အခါဖြစ်ဖြစ် ဈေးဝယ်ထွက်ဖို့ အကောင်းဆုံးနေရာတွေကို ကျွန်တော်တို့ MynaGoal ကနေပြီးတော့ တင်ဆက်ပေးလိုက်ပါတယ်။
Dongmun ရိုးရာဈေး
Dongmun ရိုးရာဈေးဟာ Jungang-ro လမ်း၊ Chilsung-ro လမ်းနဲ့ Dongmun မြေအောက်စျေးဝယ်စင်တာတို့ ရှိတဲ့ Jeju ကျွန်းက စီးပွားရေးဧရိယာတစ်ခု ဖြစ်ပါတယ်။ ဒီမိုးလုံလေလုံဈေးမှာ ဆိုင်ခန်းပေါင်း 2,000 ကျော်ရှိတာကြောင့် လိုချင်တဲ့ ပစ္စည်းအစုံအလင်ကို ရှာဖွေနိုင်ပါတယ်။ Jeju ရဲ့ အထူး လယ်ယာထွက်ကုန်တွေနဲ့ အိမ်သုံးပစ္စည်းတွေကို စျေးနှုန်း သက်သက်သာသာနဲ့ ရရှိနိုင်ပါတယ်။ အရသာရှိတဲ့ အစားအသောက်မျိုးစုံကိုလဲ စျေးမှာ ကြိုက်တာစားလို့ ရပါတယ်။
တည်နေရာ- 20 Gwandeong-ro 14(sipsa)-gil၊ Idoil-dong၊ Jeju-si၊ Jeju-do၊
ဖွင့်ချိန်- နေ့စဉ် နံနက် ၈ နာရီမှ ည ၉ နာရီအထိ
Jungjeong-lo
Jungjeong-lo လမ်းမှာတော့ ဆွဲဆောင်မှုရှိတဲ့ စျေးဆိုင်တွေ၊ လမ်းဘေးအစားအစာတွေနဲ့ ဒေသခံ ထုတ်ကုန်တွေအတွက် လူသိများတဲ့ စျေးဧရိယာတစ်ခု ဖြစ်ပါတယ်။ ကုန်တိုက်လိုမျိုးမှာ ဈေးဝယ်ချင်ရင်တော့ Dongmyeon Departmental Store ရှိပြီး နိုင်ငံတကာ အမှတ်တံဆိပ် အဝတ်အစား၊ အသုံးအဆောင်တွေနဲ့ လက်ဝတ်ရတနာတွေ ရှိပါတယ်။ Seogwipo Maeil Olle Market စျေးလဲ ဒီနေရာမှာရှိပြီး လမ်းမတွေပေါ်မှာ ကုန်ပစ္စည်းတွေကို ရောင်းချနေတဲ့ ဒေသခံဈေးသည်တွေကိုလဲ တွေ့နိုင်ပါသေးတယ်။
တည်နေရာ- 22 Jungjeong-ro 73 beon-gil၊ Seogwi-dong၊ Seogwipo၊ Jeju-do၊
Seogwipo Maeil Olle စျေး
Seogwipo Maeil Olle စျေးကတော့ Seogwipo မြို့မှာရှိတဲ့ ရိုးရာဈေး တစ်ခုဖြစ်ပါတယ်။ Jeju ရဲ့ မြို့လယ်ခေါင်နဲ့ ကမ်းရိုးတန်းကို ဖြတ်သန်းသွားတဲ့ 13.3 ကီလိုမီတာ ရှည်လျားတဲ့ Jeju Olle လမ်းကြောင်း 6 ပေါ်မှာ ရှိတာဘဲ ဖြစ်ပါတယ်။ ဒီစျေးမှာ အကောင်းဆုံး ရနိုင်တာတွေကတော့ Hallabong (အစေ့မပါတဲ့ မန်ဒရင်းလိမ္မော်)၊ ပင်လယ်စာနဲ့ ဝက်မဲသားတို့လို Jeju ရဲ့ အထူးအစားအစာတွေကို ရနိုင်ပါတယ်။ ကောက်ညှင်းဆန်ကိတ် ( omaegi-teok ) ၊ mackerel ငါးနဲ့ လုပ်ထားတဲ့ ထမင်းလိပ် ( kkongchi gimbab )၊ modak chigi လို့ခေါ်တဲ့ ထမင်းလိပ်၊ တော့ပိုကီ၊ fish cake တို့ကို ရောထားတဲ့ သရေစာတွေ အပါအဝင် Jeju ရဲ့ တမူထူးခြားတဲ့ ဒေသထွက် ဟင်းလျာတွေကိုလည်း စားသုံးနိုင်ပါတယ်။
တည်နေရာ- 22 Jungjeong-ro 73beon-gil၊ Seogwi-dong၊ Seogwipo-si၊ Jeju-do၊
ဖွင့်ချိန်- နေ့စဉ် နံနက် ၇ နာရီမှ ည ၉ နာရီအထိ
Jeju Folk 5-Day Market
Jeju Folk 5- ရက်စျေးကတော့ Jeju အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ 10 မိနစ် ကားမောင်းရုံ ရောက်နိုင်တဲ့ ယာယီစျေးဖြစ်ပါတယ်။ ဒီစျေးဟာ နေ့တိုင်းဖွင့်တဲ့ စျေးမျိုးမဟုတ်ဘဲ လစဉ် ၂ နဲ့ ၇ ဆုံးတဲ့ ရက်တွေဖြစ်တဲ့ ၂ ရက်၊ ၁၂ ရက်၊ ၂၂ ရက် ရယ်၊ ၇ ရက်၊ ၁၇ နဲ့ ၂၇ ရက်တွေမှာ ၅ ရက် ဖွင့်လှစ်ပေးလေ့ရှိပါတယ်။ ဒီစျေးမှာ စိုက်ပျိုးရေးထွက်ကုန်တွေ၊ အထွေထွေ ကုန်သွယ်ပစ္စည်းတွေ၊ မြေအိုး၊ ဆေးဖက်ဝင်အပင်တွေအပြင် ပန်းပဲဆရာတွေရဲ့ ပန်းပဲဖိုကိုလဲ တွေ့နိုင်ပါတယ်။ မွေးမြူရေးဈေးကွက်မှာဆိုလဲ ခွေး၊ ကြောင်၊ ယုန်နဲ့ ငှက်တွေကိုပါ အများအပြား ရောင်းချပေးတာကြောင့် ကလေးတွေ အကြိုက်ဘဲ ဖြစ်ပါတယ်။ ဒေသခံ သက်ကြီးရွယ်အိုတွေ စိုက်ပျိုးထားတဲ့ ပင်လယ်ရေမှော်နဲ့ ဟင်းသီးဟင်းရွက်တွေကို ရောင်းချတဲ့ Grandmother Market လဲ ရှိပါတယ်။
တည်နေရာ- 26 Oiljangseo-gil၊ Doduil-dong၊ Jeju-si၊ Jeju-do၊
Jeju ကျွန်းပေါ်က ဈေးဝယ်ထွက်ဖို့ အကောင်းဆုံးနေရာတွေဟာ ဒီလောက်နဲ့ ကုန်သွားမှာ မဟုတ်ပါဘူး။ နောက်ထပ်နေရာတွေ ဖြစ်တဲ့ Daejeong ၅ ရက်စျေး၊ Bellongjang ဈေး၊ Jungang Underground Shopping Center၊ JeJu Chilsung-ro Shopping Street၊ Tap-dong Street တို့အကြောင်းကို နောက်ရက်ကျ တင်ပေးမှာမလို့ စောင့်မျှော်နေကြပါနော်။
#jeju #shopping #myangoal #korea #Myanmar #markets #placestogo
Comments
Leave a Reply
Cancel reply
You must be
logged in
to post a comment.
←
Previous:
2026 မှာ ခေါက်ဖုန်း Foldable iPhone ထွက်မယ်လို့ သိရပါပြီ။
Next:
1 / Jeju ကျွန်းကိုရောက်ရင် ဒါတွေ စားကြည့်ခဲ့ပါ။
→
Latest
ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ ထောက်ပံ့ပေးနေ
ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ…
Read more
: ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ ထောက်ပံ့ပေးနေ
စျေးနှုန်း သက်သက်သာသာနဲ့ ထွက်ရှိလာခဲ့တဲ့ Samsung Galaxy S26 FE
Samsung Electronics က ၂၀၂၆ ဒုတိယဝက်မှာ သူ့ရဲ့ ဖုန်းမော်ဒယ် စုံလင်းသွားအောင်နဲ့ အပိုပစ္စည်း စရိတ်စက…
Read more
: စျေးနှုန်း သက်သက်သာသာနဲ့ ထွက်ရှိလာခဲ့တဲ့ Samsung Galaxy S26 FE
iPhone 17 Series ကို အခုချိန်မှာ ဘာကြောင့်ဝယ်သင့်တာလဲ
ဖုန်းအသစ် လဲတော့မယ်ဆိုရင် “iPhone 18 ထွက်မှပဲ ဝယ်တော့မလား” ဒါမှမဟုတ် “အခုထွက်ထားတဲ့ iPhone 17…
Read more
: iPhone 17 Series ကို အခုချိန်မှာ ဘာကြောင့်ဝယ်သင့်တာလဲ
iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း
iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင် iPhone…
Read more
: iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း
ဗြိတိန်နိုင်ငံကို ဝယ်ယူမည်ဟု အီလွန်မတ်စ်၏ နောက်ပြောင်မှု Social Media ၌ ပွဲဆူ
ဗြိတိန်နိုင်ငံကို ဝယ်ယူမည်ဟု အီလွန်မတ်စ်၏ နောက်ပြောင်မှု Social Media ၌ ပွဲဆူ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်…
Read more
: ဗြိတိန်နိုင်ငံကို ဝယ်ယူမည်ဟု အီလွန်မတ်စ်၏ နောက်ပြောင်မှု Social Media ၌ ပွဲဆူ
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications
Leave a Reply
You must be logged in to post a comment.