ကိုရီးယားရဲ့ နွေရာသီမှာ ရေပန်းအစားဆုံး ခရီးစဉ်များ part – 2

ကိုရီးယားရဲ့နွေရာသီမှာ ရေပန်းအစားဆုံးခရီးစဉ်တွေအနေနဲ့ ကျန်နေသေးတဲ့ Boryeong မြို့၊ Busan မြို့နဲ့ Pohang မြို့တို့အကြောင်းကို စောင့်မျှော်နေကြသူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

📍 Boryeong မြို့
Boryeong မြို့ကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ အနောက်ဘက်ကမ်းရိုးတန်းမှာ တည်ရှိတဲ့ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းတစ်ခု ဖြစ်ပါတယ်။ ဒီမြို့မှာရှိတဲ့ ကမ်းခြေတွေကြောင့် လူသိများတဲ့ အပြင်နှစ်စဉ် ဇူလိုင်လမှာ ကျင်းပတဲ့ Boryeong ရွှံ့ပွဲတော်ကိုလဲ အများဆုံးသွားရောက်လည်ပတ်ကြပါတယ်။ ပထမဆုံး ရွှံ့ပွဲတော်ကို 1998 ခုနှစ်မှာ ကျင်းပခဲ့ပြီး 2007 ခုနှစ်မှာဆိုရင် Boryeong ကို လာရောက်လည်ပတ်သူ 2.2 သန်းထိ ရှိခဲ့ပါတယ်။ ပွဲတော်ကာလမှာ Daecheon ရဲ့ ပင်လယ်ကမ်းစပ်ဧရိယာတလျှောက် ရွှံ့ရေကန်၊ ရွှံ့လျှော‌တွေနဲ့ ရွှံ့လျှောစီးပြိုင်ပွဲ‌တို့လို စိတ်ဝင်စားစရာကောင်းတာတွေလဲ ရှိပါသေးတယ်။ ဒါကြောင့် ကိုရီးယားရဲ့ နွေရာသီမှာ သွားရောက်သင့်တဲ့ ခရီးစဉ်တွေထဲက တစ်ခုဖြစ်ပြီး လက်လွှတ်မခံသင့်ပါဘူး။

📍 Busan မြို့
Busan ကတော့ ကိုရီးယားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်ရုံသာမကဘဲ ကမ်းခြေတွေနဲ့ အပန်းဖြေလှုပ်ရှားမှုများစွာ ရှိတာကြောင့်လဲ ရေပန်းစားတဲ့ ကမ်းရိုးတန်းမြို့လဲ ဖြစ်ပါတယ်။ ၎င်းသည် အလွန်ပြီး ကောင်းမွန်သောသဲများရှိသည့် Heungdae ကမ်းခြေဟာ ရှည်လျားတဲ့အပြင် ဖြူဖွေးတဲ့သဲတွေရှိတာကြောင့် အထူးကျော်ကြားပြီး ဒီနေရာမှာ နှစ်စဉ် သဲပန်းပုပွဲတော်ကို ပြုလုပ်လေ့ရှိပါတယ်။ ဘူဆန်ရဲ့ ဒုတိယ အကျော်ကြားဆုံး ကမ်းခြေကတော့ Gwangalli ဖြစ်ပြီး နာမည်ကြီး ပင်လယ်ကိုဖြတ်ဆောက်ထားတဲ့ ကြိုးတံတား Diamond Bridge ကိုလဲ မြင်တွေ့နိုင်ပါတယ်။ ဒီကမ်းခြေတဝိုက် ရေကူးနိုင်ရုံသာမက လှိုင်းစီးတာ၊ stand-up paddle လှော်တာတွေပါ ပြုလုပ်နိုင်ပါတယ်။

📍 Pohang မြို့
ရင်ခုန်စရာ ခရီးထွက်ချင်ကြတဲ့ စုံတွဲတွေအတွက် ကိုရီးယားရဲ့ ထိပ်တန်း နွေရာသီမှာ သွားသင့်တဲ့ ခရီးစဉ်တွေ စာရင်းထဲက နောက်တစ်ခုကတော့ Pohang မြို့ဘဲ ဖြစ်ပါတယ်။ Pohang မြို့ဟာ Gyeongsang ပြည်နယ် မြောက်ပိုင်းရှိ မြို့တစ်မြို့ဖြစ်ပြီး ရှေးဟောင်းရိုးရာ အမွေအနှစ်နေရာတွေ၊ ပြတိုက်‌တွေ၊ တောင်တက်စရာ နေရာတွေ၊ ကမ်းခြေတွေ အစရှိတာတွေ ပေါများတဲ့ အဓိက ဆိပ်ကမ်းမြို့တစ်ခု ဖြစ်ပါတယ်။ မြို့မှာ ခရီးသွားတွေ အလာအများဆုံးနေရာကတော့ Songdo ကမ်းခြေ (송도해수욱장) ဖြစ်ပါတယ်။ ဒီကမ်းခြေဟာ Donghae အပြင် Ulleung ကျွန်းကို ကူးတို့ စီးပြီးသွားနိုင်တဲ့ တစ်ခုတည်းသော နေရာဖြစ်ပါတယ်။

လူကြီးမင်းတို့ Air Ticket အတွက်ဆို လွယ်ကူ သက်သာတာ MyanGoal Travel မှာပါ အသေးစိတ် ဆက်သွယ်မေးမြန်းလိုရင်တော့
☎️ Hotline: 010-2497-1478
📱 010-7675-8498 (မနက် (၁၀) နာရီမှ ည (၇) နာရီ ရုံးချိန်အတွင်း)


Latest