0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
Korean variety show တွေ မကြည့်ဖူးတဲ့ သူတွေရှိကြလား ? part 2
Feb 26, 2025
—
by
Milo Kevin
in
Entertainment
Korean variety show တွေ မကြည့်ဖူးတဲ့သူတွေရှိကြလား ?
ဒီနေ့ခေတ်လို မြန်မာမှာ ကိုရီးယားယဥ်ကျေးမှုတွေ လွှမ်းမိုးနေတဲ့ ခေတ်ကြီးထဲ Korean variety show တွေ မကြည့်ဖူးတဲ့သူ မရှိပါဘူး။ ဒါဆိုရင် အခုပြောပြသွားမယ့် ရှိုးတွေရော ကြည့်ဖူးကြလား ? ဒီနေ့မှာတော့ အမိုက်စား Korean variety show 8 ခုထဲက ကျန်နေသေးတဲ့ ရှိုး 4 ခုကို ထပ်ပြီးပြောပြပေးသွားမှာ ဖြစ်ပါတယ်။
5. Single’s Inferno (2021)
Dating variety shows တွေ ကြည့်ရတာ ကြိုက်နှစ်သက်တဲ့သူ ဆိုရင်တော့ Netflix က ထုတ်တဲ့ Single’s Inferno ဆိုတဲ့ dating variety shows ကို ကြည့်ကြည့်လိုက်ပါ။ ဒီရှိုးရဲ့ main concept ကတော့ survival shows ပုံစံကိုမှ ချစ်ခြင်းမေတ္တာအတွက် တိုက်ပွဲဝင်ရတဲ့ အယူအဆကိုပါ ပေါင်းစပ်ထားတဲ့ ရှိုးတစ်ခု ဖြစ်ပါတယ်။ ရှိုးမှာ Single ၁၂ ယောက်ဟာ ပြိုင်ပွဲတလျှောက်လုံး တစ်ယောက်နဲ့ တစ်ယောက် သိအောင်ပြုလုပ်ကြပြီး Inferno လို့ခေါ်တဲ့ သဲကန္တာရကျွန်းမှာ challenges တွေ ဆော့ကစားပြီး စိန်ခေါ်မှုတွေကနေ တစ်ဆင့် အချစ်ကို ရှာဖွေကြရတာ ဖြစ်ပါတယ်။
6. Law of the Jungle (2011 – 2021)
ကျွန်းတွေနဲ့ သဘာဝတရားကို သဘောကျတယ်ဆိုရင်တော့ စွန့်စားခန်းတွေပြုလုပ်ရတဲ့ Law of the Jungle ကို ကြည့်သင့်ပါတယ် ။ ဒီရှိုးမှာ ကိုရီးယားလူရွှင်တော် Kim Byung-man နဲ့အတူ အနုပညာရှင်တွေဟာ တောရိုင်းထဲမှာ နေထိုင်ရတာဘဲ ဖြစ်ပါတယ်။ ဒီရှိုးကို ကြည့်ရင်တော့ အကြည့်သင့်ဆုံး အပိုင်းကတော့ Law of the Jungle in Antarctica (Episodes 311 – 314) ဖြစ်ပါတယ်။ အပိုင်း 300 ကို ဂုဏ်ပြုဖို့အတွက် ရည်ရွယ်ရိုက်ကူးခဲ့တာပြီး အန္တာတိကတိုက်မှာ သွားရောက်ရိုက်ကူးတဲ့ ပထမဆုံး Korean variety show ဖြစ်ပါတယ်။ ဒါ့အပြင် အန္တာတိကတိုက်ရဲ့ အလှအပတွေကို အကောင်းဆုံး မြင်တွေ့နိုင်ဖို့အတွက် 4K ultra-HD နဲ့ ရိုက်ကူးခဲ့ပြီး ကိုရီးယားတီဗီအစီအစဉ်တွေထဲမှာလဲ 4K ရိုက်တဲ့ ပထမဆုံးရှိုးဖြစ်ပါတယ်။
7. 2 Days 1 Night (2007 – present)
ခရီးသွားရတာ ကြိုက်တဲ့သူဆိုရင်တော့ ဒီနာမည်ကြီး ကိုရီးယား ခရီးသွားရှိုးဖြစ်တဲ့ 2 Days 1 Night ကို ကြည့်သင့်ပါတယ်။ ဒီရှိုးမှာ ပါဝင်သူတွေဟာ ကိုရီးယားနိုင်ငံရဲ့ မစူးစမ်းရသေးတဲ့၊ လူသိနည်းသေးတဲ့ နေရာဒေသတွေကို ခရီးသွားကြပြီး မစ်ရှင်တွေ လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ ဒီရှိုးဟာ producer တွေက ပါဝင်မယ့် ဧည့်သည်တွေကို ရွေးတာမဟုတ်ဘဲ members တွေ ကိုယ်တိုင် ဧည့်သည်တွေကို ဖိတ်ကြားနိုင်တာ ဖြစ်ပါတယ်။ ဒီရှိုးကိုကြည့်တဲ့အခါ Lunar New Year time-travelling special Episode 159 ကို ကြည့်ဖို့လဲ မမေ့ပါနဲ့။
8. Weekly Idol (2011 – present)
K-Pop ကြိုက်တဲ့သူ၊ K-pop Idol တွေ ကြည့်ချင်တဲ့သူတွေအတွက် Weekly Idol ကတော့ အမိုက်ဆုံးဖြစ်ပါတယ်။ ဒီရှိုးမှာ မတူညီတဲ့ K-pop Idol အဖွဲ့တွေကို အပတ်တိုင်း ဖိတ်ခေါ်ပြီး ဂိမ်းအမျိုးမျိုးတွေ၊ အထူးအမေးအဖြေတွေကနေတစ်ဆင့် လာရောက်တဲ့ ဧည့်သည်တွေရဲ့ အကြောင်းအားလုံးကို ပရိတ်သတ်တွေကို ချပြတာဖြစ်ပါတယ်။ Boom နဲ့ Lee Jang-Jun တို့က စီစဉ်တင်ဆက်တဲ့ ဒီရှိုးမှာ လာရောက်တဲ့ ဧည့်သည်အနုပညာရှင်တွေရဲ့ သီချင်းတွေကို အရှိန်နှစ်ဆနဲ့ ကရတဲ့ 2X Speed Dance Challenge ကလဲ နာမည်ကြီးပါတယ်။ BigBang အဖွဲ့လာရောက်တုန်းကလဲ Bang Bang Bang ကို ကပြခဲ့ပါသေးတယ်။ နောက်ထပ် လူကြိုက်များတဲ့ challenge ကတော့ Random Play Dance ဖြစ်ပါတယ်။ ဧည့်သည်တွေအနေနဲ့ သီချင်းကျပန်းပြောင်းသွားတိုင်း ဖွင့်ထားတဲ့ သီချင်းထဲကအတိုင်း မှန်ကန်တဲ့ ကကွက်ကို ကနေရမှာ ဖြစ်ပါတယ်။
#entertainment #varietyshow #myangoal #korea #myanmar
Comments
Leave a Reply
Cancel reply
You must be
logged in
to post a comment.
←
Previous:
အသားအရေထိန်းသိမ်းတဲ့ ထုတ်ကုန်တွေမှာ ပါတဲ့ Niacinamide ဆိုတာ ဘာလဲ ?
Next:
HyperOS အသစ်မှာ Deepseek AI ကို မိတ်ဆက်ဖို့လုပ်နေတဲ့ Xiaomi
→
Latest
Apple က “Anti-Snatching” လို့ ခေါ်တဲ့ လုံခြုံရေးစနစ်သစ်တစ်ခုကို တိတ်တဆိတ် စမ်းသပ်ပြင်ဆင်နေ
လမ်းပေါ်မှာ iPhone ကို Screen ပွင့်လျက်သား အတင်းဆွဲလုပြေးခံရတဲ့ ဒုက္ခကနေ သက်သာစေဖို့အတွက် Apple က…
Read more
: Apple က “Anti-Snatching” လို့ ခေါ်တဲ့ လုံခြုံရေးစနစ်သစ်တစ်ခုကို တိတ်တဆိတ် စမ်းသပ်ပြင်ဆင်နေ
တိုက်ခန်းကျဉ်းလေးထဲကနေ အာရှရဲ့ ဒုတိယအချမ်းသာဆုံးနေရာအထိ တက်လှမ်းလာတဲ့ TikTok သူဌေးကြီး
တိုက်ခန်းကျဉ်းလေးထဲကနေ အာရှရဲ့ ဒုတိယအချမ်းသာဆုံးနေရာအထိ တက်လှမ်းလာတဲ့ TikTok သူဌေးကြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တစ်ရက်တည်းမှာတင် ဒေါ်လာ ၂၄…
Read more
: တိုက်ခန်းကျဉ်းလေးထဲကနေ အာရှရဲ့ ဒုတိယအချမ်းသာဆုံးနေရာအထိ တက်လှမ်းလာတဲ့ TikTok သူဌေးကြီး
OS Update အသစ်တွေကို မိတ်ဆက်ပေးတော့မယ်
လာမယ့် WWDC ပွဲကြီးမှာ ထုံးစံအတိုင်း Apple တစ်ဖွဲ့လုံးရဲ့ iPhone, iPad နဲ့ MacBook…
Read more
: OS Update အသစ်တွေကို မိတ်ဆက်ပေးတော့မယ်
Gemini AI စနစ်ပါဝင်သော စမတ်မျက်မှန်များကို Google ထုတ်လုပ်တော့မည်
Gemini AI စနစ်ပါဝင်သော စမတ်မျက်မှန်များကို Google ထုတ်လုပ်တော့မည် စမတ်ဖုန်းတွေကို လက်ကနေ ကိုင်သုံးနေရတဲ့ ခေတ်ကနေ…
Read more
: Gemini AI စနစ်ပါဝင်သော စမတ်မျက်မှန်များကို Google ထုတ်လုပ်တော့မည်
Facebook Myday ခိုးကြည့်တာတွေကို သိရတော့မယ့် Update အသစ်
Facebook Myday ခိုးကြည့်တာတွေကို သိရတော့မယ့် Update အသစ် Facebook ပေါ်မှာ သူများရဲ့ MyDay…
Read more
: Facebook Myday ခိုးကြည့်တာတွေကို သိရတော့မယ့် Update အသစ်
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications
Leave a Reply
You must be logged in to post a comment.