OS Update အသစ်တွေကို မိတ်ဆက်ပေးတော့မယ်

လာမယ့် WWDC ပွဲကြီးမှာ ထုံးစံအတိုင်း Apple တစ်ဖွဲ့လုံးရဲ့ iPhone, iPad နဲ့ MacBook စတဲ့ Apple Device တွေအတွက် OS Update အသစ်တွေကို မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။

iPhone ကိုင်ဆောင်ထားသူတွေအဖို့ ဒီနှစ်ရဲ့ စောင့်မျှော်စရာ အဓိကဇာတ်ကောင်ကတော့ iOS 27 ပဲ ဖြစ်ပါတယ်။
နှစ်တိုင်း ကတိတွေ တပွေ့တပိုက်ပေးပြီး တကယ့်လက်တွေ့မှာတော့ သုံးရတာ တစ်ဝက်တစ်ပျက် ဖြစ်နေတတ်တဲ့ Apple Intelligence နည်းပညာကြီးဟာ ဒီတစ်ခေါက် iOS 27 မှာတော့ တကယ်ပဲ ကြမ်းလာမလားဆိုပြီး အားလုံးက မျှော်လင့်နေကြပါတယ်။ ဒီလိုဖြစ်လာဖို့ ရှိတယ်ဆိုတာကလည်း Apple နဲ့ Google တို့ကြားထဲမှာ Gemini AI အသုံးပြုခွင့်ကို တိတ်တဆိတ် သဘောတူညီမှု ရယူထားကြတယ်ဆိုတဲ့ သတင်းဂယက်တွေကြောင့် အခုလိုမျိုး ပိုပြီး ထင်ကြေးပေးနေကြတာပါ။ ဒါ့အပြင် ဒီဇိုင်းပိုင်းမှာလည်း User Interface (UI) ရဲ့ Liquid Glass ပုံစံကို ပိုမိုသေသပ်ချောမွေ့ (Refined) ဖြစ်အောင် ပြောင်းလဲလာမယ်လို့ ယူဆရပါတယ်။

စိတ်ဝင်စားစရာ အကောင်းဆုံးမေးခွန်းဖြစ်တဲ့ “ငါ့ဖုန်း iOS 27 ရပါ့မလား? ဘယ် iPhone တွေများ Support မပေးတော့ဘဲ ကျန်ခဲ့မလဲ?” ဆိုတာကိုတော့ လာမယ့် ဇွန်လ ၈ ရက်၊ မြန်မာစံတော်ချိန် ည ၁၁:၃၀ နာရီမှာ တိုက်ရိုက်စောင့်ကြည့်ပြီး အဖြေရှာရမှာ ဖြစ်ပါတယ်။


Latest