ယောကျာ်းလေးတွေအတွက် အကောင်းဆုံး Korean Face Moisturizers

Skincare တတ်ကြတဲ့ ယောကျာ်းလေးတွေ ရှိကြလား ? ဒါမှမဟုတ် ကိုယ့်ရဲ့ ကောင်လေးကို Skincare တဲ့အခါမှာ ဘာ Moisturizers ပေးသုံးရမလဲ စဥ်းစားရခက်နေတဲ့ Supportive Girlfriend လေးတွေ ရှိကြလား? ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal ကနေပြီးတော့ ယောကျာ်းလေးတွေအတွက် အကောင်းဆုံး Korean Face Moisturizers 10 မျိုး ကို ဖော်ပြပေးမှာဘဲ ဖြစ်ပါတယ်။

1.Cosrx Oil-free ultra-moisturizing lotion with birch sap
ပေါ့ပါးပြီး အဆီပြန်ခြင်းမရှိတဲ့ ဖော်မြူလာကြောင့် ချွေးပေါက်တွေကို ပိတ်ဆို့ခြင်းမရှိဘဲ ရေဓာတ်ကို နက်ရှိုင်းစွာ ပေးစွမ်းနိုင်ပြီး အဆီပြန်တတ်တဲ့ ဒါမှမဟုတ် ဝက်ခြံထွက်တတ်တဲ့ အမျိုးသား‌တွေအတွက် အထူးသင့်လျော်ပါတယ်။ birch sap နဲ့ ပေါင်းစပ်ထားတာကြောင့် အသားအရေကို ယားယံမှုတွေကို သက်သာစေပြီး အ‌ရေပြားကို တစ်နေ့တာလုံး လန်းဆန်းစေပါတယ်။

2.’Then I Met You’ Soothing Tide Gel Cream
Soko Glam ရဲ့ ပူးတွဲတည်ထောင်သူ Charlotte Cho ကနေ ဖန်တီးထားတဲ့ ဒီ Gel-type cream ကို Tri-Tide Peptide Complex™ နဲ့ ပေါင်းစပ်ထားသောကြောင့် ရေဓာတ်ဖြည့်တင်းပေးပြီး အသားအရေကို နူးညံ့ချောမွေ့စေတဲ့အပြင် တင်းတင်းရင်းရင်း ဖြစ်စေပါတယ်။ Texture ကလဲ အလွန်ပေါ့ပါးပြီး အသားအရေထဲကို ကောင်းမွန်စွာ စိမ့်ဝင်နိုင်ပါတယ်။ အရေပြားတင်းရင်းစေတဲ့ ceramides၊ အသားအရေကို တောက်ပစေဖို့ niacinamide နဲ့ အနာကျက်မြန်စေတဲ့ madecassoside တို့ကို ရောစပ်ထားတာကြောင့် အရေပြားထဲကို အာဟာရဓာတ် ပိုမိုနက်ရှိုင်းစွာ ဖြည့်တင်းပေးနိုင်ပါတယ်။ ဒီထုတ်ကုန်ဟာလဲ sensitive အသားအရေ ရှိတဲ့သူတွေအတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။

3.Cosrx Full Fit Propolis Honey Overnight Mask
ဒီ Overnight Mask ကတော့ အိပ်ပျော်နေတဲ့အချိန်မှာ အသားအရေကို ပြန်လည် အာဟာရဖြည့်ပေးခြင်း၊ propolis ကြောင့် အသားအရေကို ရေဓာတ်ဖြည့်ပေးခြင်းနဲ့ တောက်ပလာစေအောင် ပြုလုပ်ပေးပါတယ်။ မနက်မိုးလင်းလာရင် တောက်ပတဲ့ အသားအရေနဲ့ ယုံကြည်မှုရှိရှိ နိုးထလာမှာပါ။ အထူးသဖြင့် ခြောက်သွေ့တဲ့ အသားအရေ အမျိုးအစားအတွက် သင့်လျော်ပါတယ်။

4.Benton Aloe Propolis Soothing Gel
ဒီ soothing gel မှာ ရှားစောင်းလက်ပတ်နဲ့ propolis တို့ ပါဝင်တာကြောင့် အသားအရေကို ကောင်းမွန်စွာ ရေဓာတ် ဖြည့်ပေးနိုင်ပါတယ်။ အဆီပြန်တတ်တဲ့သူ၊ ထိခိုက်လွယ်တဲ့ အသားအရည် ရှိတဲ့သူတွေ အတွက်သာမက ယားယံခြင်း၊ နေလောင်ခြင်း ဒါမှမဟုတ် နီမြန်းခြင်းတို့ကို သက်သာချင်သူတွေ အတွက်လဲ ပြီးပြည့်စုံတဲ့ ဖြေရှင်း ပေးနိုင်တဲ့ gel ဖြစ်ပါတယ်။

5.Zeroid Pimprove Moisturizer
ဒီအလှကုန်အမှတ်တံဆိပ်ကို BTS ရဲ့ Kpop idol အဖွဲ့ဝင် V (Kim Tae-hyung) လဲ အသုံးပြုပါတယ်။ ဒီ cream မှာ ceramides မြင့်မားစွာ ပါ၀င်တာကြောင့် ပြင်ပကနေ အရေပြားကို ထိခိုက်စေတဲ့ အရာတွေကို သဘာဝအတိုင်း အတားအဆီးပြုလုပ်ပေးပြီး ပြန်လည် အားကောင်းအောင် လုပ်ဆောင်‌ ပေးပါတယ်။

ဆောင်းရာသီမှာ အရေပြား တင်းမာမှုတွေ ကြုံတွေ့နေရရင်လဲ စေးကပ်မှုမရှိတဲ့ ဖော်မြူလာကြောင့် သန့်ရှင်းပြီး ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။ ပြင်းထန်စွာ အသားအရေ ခြောက်သွေ့တတ်တဲ့သူတွေ ပျက်စီးနေတဲ့ အသားအရေ‌တွေအတွက် အထူးသင့်လျော်ပါတယ်။

ကျန်နေသေးတဲ့ Korean Face Moisturizers 5 မျိုးကို နောက်တစ်ပတ် ဒီလိုအချိန်မှာ ကျွန်တော်တို့ MyanGoal ကနေဘဲ တင်ဆက်ပေးသွားမှာမလို့ စောင့်မျှော်နေကြပါနော်။
#man #skincare #moisturizer #korea #myanmar #MyanGoal


Latest