iPhone မှာ FlashLight မီးကို ဓာတ်မီး Style ပြောင်းနည်း
ဒီလိုပြောလို့ရှုပ်သွားမလား မရှုပ်သွားပါနဲ့ လွယ်အောင်ပြောပြပါမယ်။
iOS 18 ကနေစလို့ Flashlight မီးကို Dynamic Island ပါဝင်တဲ့ iPhone တွေမှာဆိုရင် မီးအားကို ပြန့်သွားအောင်လုပ်လို့ရနိုင်သလို မီးအားကိုစုသွားအောင်လည်းလုပ်ထားလို့ရပါတယ်။
ဒီလိုလုပ်ဖို့အတွက်ကတော့ ဘာမှလုပ်စရာတော့မလိုပါဘူး။ Dynamic Island မှာ ဓာတ်မီးလို ပုံစံလေးကို ဖိထားပြီး အလင်းကို Adjust လုပ်လို့ရနိုင်မှာပါ။
လက်ကို အပေါ်အောက် ဆွဲလိုက်ရင် လင်းအား စုသွားမှာဖြစ်ပြီး ဘေးဘက်ကိုဆွဲရင်တော့ လင်းအားပြန့်သွားမှာဖြစ်ပါတယ်။
ဓာတ်မီးကို သူများထက် ကြမ်းအောင် လုပ်ချင်ရင် ဒီလိုနည်းလမ်းလေးက အကောင်းဆုံးပါပဲ။







Leave a Reply
You must be logged in to post a comment.